DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးရန် ကမ္ဘာ့နိုင်ငံများကို ကုလသမဂ္ဂတိုက်တွန်း
DVB
·
February 15, 2021
မြန်မာပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးရန် ကမ္ဘာ့နိုင်ငံများကို ကုလသမဂ္ဂတိုက်တွန်း
Donate to DVB

မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ ကုလမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအတူ စုပေါင်းပြီးတော့ရော တနိုင်ငံချင်း အလိုက်ပါ စွမ်းနိုင်တဲ့ဘက်ကကူညီကြဖို့  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က  တိုက်တွန်း လိုက်ပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်လိုက်တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်တာ၊ ခြိမ်းခြောက်တာနဲ့ တိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ သတင်းတွေရထားပြီး  ဒါတွေဟာ လက်မခံနိုင်စရာ လုပ်ရပ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာ အင်အားသုံးဖြိုခွင်းတာတွေများလာတာ၊ သံချပ်ကာကားတွေ ဖြန့်ကျက်နေရာယူထားတယ်ဆိုတဲ့ သတင်းတွေအပါအဝင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အလွန်အမင်း စိုးရိမ်မကင်း ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ ငြိမ်းချမ်းစွာ စုဝေးခွင့်/စီတန်းလှည့်လည်ခွင့်ကို အပြည့်အဝ လေးစားလိုက်နာကြဖို့နဲ့ ဆန္ဒပြသူတွေကို တုံ့ပြန်ရန်ပြုအရေးယူတာတွေ မလုပ်ဖို့လည်း မြန်မာစစ်ဘက်ဆိုင်ရာနဲ့ ရဲတပ်ဖွဲ့တို့ကို တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေ၊ အစိုးရအရာရှိတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်တွေနဲ့ မီဒီယာသမားတွေကို ဆက်လက်ဖမ်းဆီးနေတာ၊ အင်တာနက်နဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေအပေါ် ကန့်သတ်ချက်တာတွေဟာ အလွန်အမင်းစိုးရိမ်ပူပန်စရာ ဖြစ်နေတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ထုတ်ပြန်ပါတယ်။

သတင်းအချက်အလက်တွေ လက်လှမ်းမီ ရရှိခွင့်အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မထိခိုက်စေဖို့အတွက် အဲဒါတွေ ပြတ်တောက်လို့မရဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ကြိုပမ်းဆောင်ရွက်မှုတာတွေကို ကုလသမဂ္ဂအဖွဲ့ အနေနဲ့ မယိမ်းမယိုင်၊ မဆုတ်မနစ် အားပေးကူညီပံ့ပိုးနေတယ်လို့လည်း အတွင်းရေးမှူးချုပ်က ထပ်ပြီး ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းရှာနာဘာဂီနာကို  နှစ်ဖက်သဘောတူလက်ခံနိုင်မယ့် အခြေအနေတွေနဲ့အညီ မြန်မာနိုင်ငံကို အမြန်ဆုံး ဝင်ခွင့်ပြုဖို့နဲ့ အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ ဆန်းစစ်လေ့လာခွင့်ပြုဖို့လည်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကုလသမဂ္ဂအကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013