DVB Logo
Home
မြန်မာသတင်း
“ကိုယ်တို့ဘက်က တမင်တကာရည်ရွယ်တာ ဘာမှမရှိပါဘူး” - အကျဥ်းဦးစီးဌာန ညွှန်မှူး
DVB
·
February 14, 2021
“ကိုယ်တို့ဘက်က တမင်တကာရည်ရွယ်တာ ဘာမှမရှိပါဘူး” - အကျဥ်းဦးစီးဌာန ညွှန်မှူး
Donate to DVB

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်​လာတဲ့အကျဥ်သား​တွေ ပြစ်မှုကျူးလွန်ရင် လွတ်ငြိမ်းတုန်းက ကျန်တဲ့ပြစ်ဒဏ်​ကြွေးနဲ့ ​ထပ်ကျူးလွန်တဲ့ပြစ်မှု နှစ်ခု​ပေါင်းပြီး ပြစ်ဒဏ်ကျခံရမယ်လို့ ရန်ကုန်တိုင်းအကျဥ်းဦးစီးဌာနရဲ့ ညွှန်ကြား​ရေးမှူး ဦး​ဇော်​ဇော်က ဒီဗွီဘီကို​ ပြောပါတယ်။

အာဏာသိမ်း​ကောင်စီက ညမထွက်ရအမိန့်ထုတ်ထားတဲ့ ရန်ကုန်မြို့နယ်​တွေထဲက လမ်းတချို့မှာ မ​နေ့ညက လွတ်ငြိမ်းခွင့်နဲ့ ​ထောင်ကထွက်လာသူတချို့အပါအဝင် ဘယ်ကမှန်းမသိတဲ့ လူစိမ်း​တွေ ဝင်လာတာကြောင့် ရပ်ကွက်​နေပြည်သူ​တွေက လိုက်လံဖမ်းဆီးတာ​တွေ လုပ်ခဲ့ရပါတယ်။

“အခုလွှတ်တာက ပြစ်မှုထပ်ကျူးလွန်မယ်ဆိုရင် လက်ရှိပြစ်မှုပါ အပါအဝင် ထပ်ပြီးတော့ ပြစ်ဒဏ်ကို ခံစားရမယ်ဆိုပြီးတော့ ခံဝန်ထိုးရတယ်။ စည်းကမ်းသတ်မှတ်ချက်နဲ့ လွှတ်တာပေါ့နော်။ တကယ်လို့ အပြင်မှာ စည်းကမ်းဖောက်ဖျက်တယ်ဆိုရင် သူတို့ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အပ်ရမှာပေါ့နော်။ အပ်ပြီးရင် လက်ရှိဖောက်တဲ့ပြစ်မှုရော အကျဥ်းထောင်မှာ လွှတ်ပေးလိုက်တဲ့ ပြစ်မှုရော နှစ်ခုလုံးပြန်ခံရမှာဖြစ်တယ်။ ကိုယ်တို့ဌာနအနေနဲ့ကတော့ သူတို့ သက်ဆိုင်ရာနေအိမ်တွေကို ကောင်းကောင်းမွန်မွန် ပြန်ရောက်အောင် လိုက်ပို့ပေးလိုက်တာပဲ။ ဒါပေမဲ့ သူတို့ကလည်း အိမ်မှာနေချင်မှနေမှာပဲ၊ တချို့တလေကလည်း လျှောက်ထွက်တာလည်း ရှိမှာပေါ့။ ကျန်တာတော့ ကိုယ်တို့ဘက်ကနေ တမင်တကာ ရည်ရွယ်တာတွေ ဘာမှမရှိပါဘူး။" လို့ ပြောပါတယ်။

ရန်ကုန်မြို့နယ်​တော်​တော်များများမှာ မ​နေ့ညက ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့သူတွေထဲမှာ လွတ်ငြိမ်းနဲ့လွတ်လာသူ​တွေ၊ မူးယစ်​ဆေးဝါးဖြတ်သူ​တွေ၊ အသက် ၁၈ နှစ်မပြည့်​သေးတဲ့သူတချို့လည်း ပါပါဝင်လာပါတယ်။ ဒီရက်ပိုင်းအတွင်း မြို့ကြီးတချို့မှာ ဒီလိုဖြစ်စဥ်​တွေ ဖြစ်ပွားနေတာပါ။

ဖေ​ဖော်ဝါရီ ၁၂ ရက်​​​ နေ့က တနိုင်ငံလုံး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့အကျဥ်သား ၂၃၀၀၀ ကျော်ရှိပြီး ရန်ကုန်အင်းစိန်အကျဥ်းထောင်က အကျဥ်းသား ၁၀၀၀ ကျော် ပါဝင်ပါတယ်။

ညီငယ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013