DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုထံ ပြန်ရောက်လာသည့်အပေါ် SCEF ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့
DVB
·
April 22, 2026
Photo: Htin Lin Oo 
Photo: Htin Lin Oo 
Donate to DVB

စစ်အာဏာရှင်တပ်ရဲ့ မတရားဖမ်းဆီး အကျဉ်းချခြင်းကို ၅ နှစ်ကျော်ကြာ ခံခဲ့ရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုထံ ပြန်လည်ရောက်ရှိလာတဲ့အပေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က ဝမ်းမြောက်ကြောင်း ဧပြီ ၂၂ ရက်မှာ သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေစဉ် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးတာကို ခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်ဟာ ၅ နှစ်ကျော်အကြာ ၂၀၂၆ ခုနှစ် ဧပြီ ၁၇ ရက်မှာ မိသားစုထံ ပြန်လည်ရောက်ရှိခဲ့တာပါ။

ဒီအခြေအနေအပေါ် မိသားစုဝင်တွေနဲ့အတူ မြန်မာနိုင်ငံသားအားလုံးနဲ့ထပ်တူ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ်လို့ SCEF က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေနဲ့ ကျန်းမာခိုင်မာစွာဖြင့် နိုင်ငံ့အကျိုးကို ဘေးအန္တရာယ် ကင်းစွာ ဆက်လက်သယ်ပိုးနိုင်ပါစေကြောင်း ဆန္ဒပြုထားသလို မတရား ဖမ်းဆီးခံထားရဆဲဖြစ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက် မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက်လည်း တိုင်းရင်းသားပြည်သူတွေနဲ့အတူ အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမယ်လို့ SCEF က ကတိပြု ပြောကြားထားပါတယ်။

SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013