DVB Logo
Home
Lead Story
ဘန်ကောက် ရေကြီးမှုကြောင့် လူဦးရေ ၇ သိန်းခန့် ရေဘေးသင့် (ဓာတ်ပုံ)
DVB
·
September 28, 2026
ဘန်ကောက် ရေကြီးမှုကြောင့် လူဦးရေ ၇ သိန်းခန့် ရေဘေးသင့် (ဓာတ်ပုံ)
1 / 12
Photo: Reuters
Donate to DVB

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ မိုးအားလျော့လာပေမဲ့ ရေကြီးမှုကြောင့် အိမ်ထောင်စု ၃ သိန်းကျော်၊ လူဦးရေ ၇ သိန်းခန့် ထိခိုက်ထားပြီး မြို့တော်အာဏာပိုင်တွေက ရေနုတ်လုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

ဘန်ကောက်အုပ်ချုပ်ရေးမှူး ချတ်ချတ် စစ်တီပွန့်က စက်တင်ဘာ ၂၈ ရက်မှာ မြို့တော်တဝန်း မိုးအား စတင်လျော့လာတာကြောင့် အဓိကတူးမြောင်းတွေက ရေအမြင့်လျှော့ချဖို့ အာရုံစိုက်နေတယ်လို့ ပြောပါတယ်။

“ဒီနေ့ ရေကို တတ်နိုင်သမျှ များများထုတ်ရမယ်” လို့ ချတ်ချတ်က ပြောပြီး တူးမြောင်းရေကျလာမှ လမ်းတွေနဲ့ လူနေရပ်ကွက်တွေက ရေကို ဆက်နုတ်နိုင်မယ်လို့ ဆိုပါတယ်။

တချို့ဒေသတွေမှာ အခြေအနေ စတင်ကောင်းမွန်လာပေမဲ့ အရှေ့ဘန်ကောက်က အဓိက တူးမြောင်းတွေမှာ ရေမြင့်နေသေးပါတယ်။

အဆိုးဆုံးထိခိုက်တဲ့ လတ်ကရာဘန်းခရိုင်မှာ လူ ၃၀,၀၀၀ ကနေ ၄၀,၀၀၀ လောက် ရေဘေးသင့်နေပြီး Bang Kapi နဲ့ Khan Na Yao မှာလည်း လူသောင်းနဲ့ချီ ထိခိုက်ထားပါတယ်။

အိပ်ရာပေါ်လူနာနဲ့ စောင့်ရှောက်မှုလိုအပ်သူ ၁,၅၀၀ ခန့်ကို ရေဝင်နေတဲ့ အိမ်တွေကနေ BMA ဆေးရုံတွေကို ရွှေ့ပြောင်းပေးထားပါတယ်။

မြို့တော်အုပ်ချုပ်ရေးအဖွဲ့က သောက်ရေ၊ အစားအသောက်၊ မြေပြင်မြင့်ယာဉ်တွေနဲ့ လှေငယ်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။

အဓိကတူးမြောင်းတွေကို ထိထိရောက်ရောက် ရေနုတ်ဖို့ သုံးရက်ခန့် ကြာနိုင်ပြီး ရေကြီးနက်ရှိုင်းတဲ့ လတ်ကရာဘန်းဒေသတချို့မှာတော့ တပတ်ခန့် ကြာနိုင်ပါတယ်။

Rangsit University ရဲ့ လေ့လာချက်အရ စက်တင်ဘာ ၂၄ ရက်ကနေ ၂၇ ရက်အထိ ရေကြီးမှုကြောင့် ထိုင်းနိုင်ငံတဝန်း စီးပွားရေးဆုံးရှုံးမှု ဘတ် ၂၅ ဒသမ ၃ ဘီလီယံခန့် ရှိနိုင်ပြီး ဘန်ကောက်တခုတည်းမှာ ဘတ် ၁၀ ဒသမ ၅၈၆ ဘီလီယံခန့် ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

University of the Thai Chamber of Commerce ရဲ့ သီးခြားခန့်မှန်းချက်မှာတော့ ၃ ရက်တာကာလအတွက် နိုင်ငံတဝန်း ဆုံးရှုံးမှု ဘတ် ၁၀ ဘီလီယံခန့်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013