
ရန်ကုန်တိုင်းအတွင်း အထည်ချုပ်စက်ရုံတချို့ အထည်အမှာစာတွေ ပယ်ဖျက်ခံရတာနဲ့ ဆန္ဒပြပွဲတွေကြောင့် ပိတ်သိမ်းနေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း လုပ်သား ၂၀၀ လောက် လုပ်ကိုင်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်မှာရှိတဲ့ Myanmar Thieasy Textile အထည်ချုပ်စက်ရုံကလည်း အထည်အမှာအော်ဒါတွေ ပယ်ဖျက်ခံရတဲ့အတွက် ရုတ်တရက် ပိတ်သိမ်းခဲ့ရပြီး အလုပ်သမားတွေကို အလုပ်ပိတ်နစ်နာကြေးတွေ မပေးချေတာကြောင့် တိုင်ကြားထားမှုတွေရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်အားလုံးလိုလိုမှာ ပြည်သူဝန်ထမ်း၊ အလုပ်သမားနဲ့ ကျောင်းသားပြည်သူတွေ ပူးပေါင်းပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြပွဲတွေ နေ့စဉ် သန်းနဲ့ချီ ပြုလုပ်နေကြတာကြောင့် စက်မှုဇုန် စက်ရုံအလုပ်ရုံ လုပ်ငန်းအားလုံးနီးပါးလည်း ရပ်ဆိုင်းထားရတာပါ။
လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် စက်ရုံတွေ ထပ်မံပိတ်ရနိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။
ဓတ်ပုံ-LHEO