DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း အထည်ချုပ်စက်ရုံအချို့ ပိတ်သိမ်း
DVB
·
February 14, 2021
ရန်ကုန်တိုင်းအတွင်း အထည်ချုပ်စက်ရုံအချို့ ပိတ်သိမ်း
Donate to DVB

ရန်ကုန်တိုင်းအတွင်း အထည်ချုပ်စက်ရုံတချို့ အထည်အမှာစာတွေ  ပယ်ဖျက်ခံရတာနဲ့ ဆန္ဒပြပွဲတွေကြောင့် ပိတ်သိမ်းနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း လုပ်သား ၂၀၀ လောက် လုပ်ကိုင်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်မှာရှိတဲ့ Myanmar Thieasy Textile အထည်ချုပ်စက်ရုံကလည်း အထည်အမှာအော်ဒါတွေ ပယ်ဖျက်ခံရတဲ့အတွက် ရုတ်တရက် ပိတ်သိမ်းခဲ့ရပြီး အလုပ်သမားတွေကို အလုပ်ပိတ်နစ်နာကြေးတွေ မပေးချေတာကြောင့် တိုင်ကြားထားမှုတွေရှိ​နေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်အားလုံးလိုလိုမှာ ပြည်သူဝန်ထမ်း၊ အလုပ်သမားနဲ့ ကျောင်းသားပြည်သူတွေ ပူးပေါင်းပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြပွဲတွေ နေ့စဉ် သန်းနဲ့ချီ ပြုလုပ်နေကြတာကြောင့် စက်မှုဇုန် စက်ရုံအလုပ်ရုံ လုပ်ငန်းအားလုံးနီးပါးလည်း ရပ်ဆိုင်းထားရတာပါ။ 

လက်ရှိဖြစ်ပွား​နေတဲ့ အခြေအနေတွေကြောင့် စက်ရုံတွေ ထပ်မံပိတ်ရနိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

ဓတ်ပုံ-LHEO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013