DVB Logo
Home
မြန်မာသတင်း
စမ်းချောင်းတွင် ညအချိန်မတော် ရပ်ကွက်ထဲဝင်လာသူများကို ပြည်သူများ ဝိုင်းဖမ်း
DVB
·
February 13, 2021
စမ်းချောင်းတွင် ညအချိန်မတော် ရပ်ကွက်ထဲဝင်လာသူများကို ပြည်သူများ ဝိုင်းဖမ်း
1 / 3
Donate to DVB

ရန်ကုန် စမ်းချောင်းမြို့နယ်မှာ မနေ့က ညအချိန်မတော် ရပ်ကွက်ထဲဝင်လာသူတွေကို ရပ်ကွက်နေသူတွေက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပါတယ်။

“တယောက်က တိုင်းမ်စီးတီးဘက်ကနေ လာတာ။ တယောက်ကတော့ လမ်းထဲက ထရန်စဖော်မာကို ဖျက်ဖို့ လုပ်နေတာ။ ကြိုးတွေကို မီးခြစ်နဲ့ တခုခုလုပ်နေတယ်။ နောက်တယောက်ကလည်း လမ်းထဲမှာ မိတာ။ သူတို့ လာတဲ့လမ်းကြောင်းတွေက မူးယစ်ဆေးဝါးပြတိုက်ဘက်ကပဲ။ တယောက်မှာတော့ အဆောင်လိုမျိုးပစ္စည်းတွေပါတယ်” လို့ ကိုယ်တိုင်ဖမ်းခဲ့သူ တယောက်က ပြောပါတယ်။

မနက် ၂ နာရီလောက်ကနေ ၄ နာရီလောက်အတွင်းမှာ လူ ၃ ယောက်ကို ဖမ်းမိခဲ့ပြီး သူတို့ကို ဝေဠုဝန်ရပ်ကွက် နာရေးကူညီမှုအသင်းမှာ ချုပ်နှောင်ထားခဲ့ပါတယ်။

သူတို့ထဲက တယောက်ကတော့ ထောင်ကလွတ်လာတဲ့သူလို့ ပြောပြီး နောက်တယောက်ကတော့ စမ်းချောင်းက ဘုန်းကြီးကျောင်းတခုမှာ နေရင်း အရက်သောက်တာကြောင့် ဘုန်းကြီးက မောင်းထုတ်လိုက်တာလို့ ဖြေပါတယ်။

“တယောက်ကတော့ တာမွေကတဲ့။ ဆေးလိပ်သောက်ချင်လို့ လိုက်ရှာနေတာလို့ ပြောတယ်။ အဲအချိန်က ရပ်ကွက်ထဲမှာ CDM လုပ်တဲ့သူတွေကို လာဖမ်းလို့ သံပုံးတီးပြီး လူတွေက နိုးနေကြတဲ့အချိန်။ တခြားနေရာတွေမှာ မီးကွင်းပစ်တယ်လို့ သတင်းကြားပြီး စိုးရိမ်နေကြတဲ့အချိန်ပါ။ လူတချို့က ရဲလက်ကို မအပ်ချင်ကြဘူး။ ဒါပေမယ့် ရှေ့နေတွေနဲ့ တိုင်ပင်တော့ ရပ်ကွက်က ကြာကြာချုပ်ထားရင် ကိုယ့်ဘက်ကို ပြန်ပြီး တရားစွဲလာနိုင်တယ် ဆိုလို့ အခု ရဲစခန်းကို ပို့လိုက်ပါပြီ” လို့လည်း ရပ်ကွက် ဒေသခံက ပြောပါတယ်။

“ဖမ်းမိသူတွေဟာ မူးယစ်ဆေးဝါးပြတိုက်ဘက်က ဝင်လာသလိုပဲ။ မနေ့ညနေကလည်း အဲဒီပြတိုက်ကို ကားတစီးဝင်လာတယ်။ အရင်ကညဘက်ဆို မှောင်နေတဲ့ ပြတိုက်က မနေ့ညက တညလုံး မီးတွေ ဖွင့်ထားတယ်” လို့ သူက ဆက်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013