DVB Logo
Home
မြန်မာသတင်း
ပြည်သူနှင့် တစ်သားတည်းရပ်တည်ကြောင်း ကယန်းပြည်သစ်ပါတီကြေညာ
DVB
·
February 12, 2021
ပြည်သူနှင့် တစ်သားတည်းရပ်တည်ကြောင်း ကယန်းပြည်သစ်ပါတီကြေညာ
Donate to DVB

စစ်အာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ လူထုလူတန်းစားတို့ရဲ့ စစ်ဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲမှာ ပြည်သူလူထုနဲ့တသားတည်ရပ်တည်ကြောင်း ငြိမ်းချမ်းရေးယူထားတဲ့  ကယန်းပြည်သစ်ပါတီက ကြေညာလိုက်ပါတယ်။

ဖေဖော်ဝါရီ၁၁ ရက်နေ့ ရက်စွဲနဲ့ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပြီး  တပ်မတော်အနေနဲ့ စစ်ဏာသိမ်းခြင်းကိုစွန့်လွှတ်ပြီး ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ တရားဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရထံ အာဏာလွှဲပြောင်းဖို့လည်း တောင်းဆိုထားပါ။

ဒါ့အပြင် ၂၀၂၀ ပြည့်ပါတီတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ရွေးကောက် တင်မြှောက်ခံရတဲ့ ရွေးကောက်ပွဲရလဒ်ကိုသာ အသိအမှတ်ပြုကြောင်းနဲ့  စစ်ဏာဏာသိမ်းခြင်း၊ စစ်အာဏာရှင်စနစ် ပြန်လည် အသက်သွင်းခြင်းကိစ္စရပ်တွေကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ပါတယ်။

မနေ့က လွိုင်ကော်မြို့ ဆန္ဒပြပွဲမှာလာရောက်ပူးပေါင်းပြီး အပြန်လမ်းမှာ ဖမ်းဆီးခံလိုက်ရတဲ့  ဒီးမော့ဆိုမြို့နယ် ဒေသခံ ၇ ဦးကို ကယန်းပြည်သစ်ပါတီရဲ့ ညှိနှိုင်းပေးမှုနဲ့ လွိုင်ကော် အကျဉ်းထောင်ကနေ  ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ကယန်းပြည်သစ်တော်လှန်ရေးကောင်စီကို ၁၉၆၈ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကယန်းပြည်သစ်ပါတီရဲ့ လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဖြစ်ပါတယ်။  ကယန်းပြည်သစ်ပါတီရဲ့ လက်အောက်မှာ ကယန်းပြည်သစ်တပ်မတော်နဲ့ ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013