
ဧရာဝတီတိုင်း မအူပင်မြို့နားမှာ မေ ၁ ရက်နဲ့ ဒီနေ့ မေ ၂ ရက်တွေမှာ ငလျင် ၂ ကြိမ် လှုပ်ရှားခဲ့တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၃ မိနစ်က မအူပင်မြို့ရဲ့ မြောက်ဘက် ၁၂ မိုင်အကွာ အနက် ၁၀ ကီလိုမီတာ ကို ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၃ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ရှား သွားတယ်လို့ ဆိုပါတယ်။
မေ ၁ ရက် မနေ့ည ၉ နာရီ ၂၁ မိနစ်ကလည်း မအူပင်မြို့ရဲ့ အနောက်မြောက်ဘက် ၁၁ မိုင် အကွာ အနက် ၅ ကီလိုမီတာကို ဗဟိုပြုပြီး ပြင်းအားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိတဲ့ အင်အားအသင့်အတင့်ရှိ ငလျင် တခု လှုပ်ရှားသွားခဲ့ပါတယ်။










