DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားမြို့တွင် အဖွဲ့ခွဲများဖြင့် အင်အား သိန်းချီဆန္ဒပြ၊ KBC ပါဝင်လာ
DVB
·
February 11, 2021
မြစ်ကြီးနားမြို့တွင် အဖွဲ့ခွဲများဖြင့် အင်အား သိန်းချီဆန္ဒပြ၊ KBC ပါဝင်လာ
1 / 6
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ လေးရက်မြောက်နေ့အဖြစ်  ဒီနေ့မနက် ဆန္ဒထုတ်ဖော်ပွဲမှာ ပြီးခဲ့တဲ့ ရက်တွေလို့ လူစုလူဝေးနဲ့ မဟုတ်ဘဲ အဖွဲ့တွေခွဲပြီး လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) လည်း ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနား ကုတင်ငါးရာဆန့်ဆေးရုံက ဆရာဝန်တွေနဲ့ ကျန်းမာရေးမိသားစုတွေ၊ အထွေထွေအုပ်ချုပ်ရေးဌာနဝန်ထမ်းတွေ၊   တက္ကသိုလ် ဆရာ ဆရာမတွေ ကျောင်းသူကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေ၊ ရှေ့နေတွေ၊ သစ်တောဝန်ထမ်းတွေ၊ မြန်မာ့မီးရထားဝန်ထမ်းတွေ၊ သစ်တောဝန်ထမ်းတွေ၊ စိုက်ပျိုးရေး မွေးမြူရေးဌနာ ဝန်ထမ်းတွေ၊ ကျေးလက်ဖွံ့ဖြိူးရေး ဦးစီးဌာနဝန်ထမ်းတွေ၊  လျှပ်စစ်နဲ စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းတွေ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေ၊ IDP လူငယ်တွေ၊ ကချင်နဲ့  ရှမ်းနီ တိုင်းရင်းသားလူမျိုးတွေ၊ ကချင်နှစ်ခြင်း ခရစ်ယန် အဖွဲ့ချုပ် KBC၊ မြန်မာမွတ်စလင်တွေ၊ ဟိန္ဒူလူငယ်တွေ၊ မြန်မာပြည်ဖွားဂေါ်ရခါးတွေ ဘောလုံးသမားတွေ၊ မိတ်ကပ်ပညာရှင်တွေ၊ Gym အဖွဲ့က ဗလမောင်တွေ၊ LGBT‌ တွေ၊ ဆိုင်ကယ်အဖွဲ့တွေက လူစုခွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

မြို့တွင်းမှာလည်း ယမန်နေ့တွေထက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ လုံခြုံရေးတိုးမြင့် ပိတ်ဆို့တားဆီးထားပြီး အဲဒီနေရာတွေကို ဆန္ဒပြသူတွေက မသွားဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုများလည်းတွေ့ရပါတယ်။

မနက် ၁၁ နာရီလောက်မှာတော့ ဆန္ဒပြအုပ်စုတွေက  အထက ၁ ရှေ့မှာ အဖွဲ့ပေါင်းစုံ  စုစည်းပြီး လူ သိန်းနဲ့ချီ ၁ နာရီလောက် စုပေါင်းဆန္ဒပြခဲ့ပြီး လူစုခွဲခဲ့ကြပါတယ်။

ထူးထူး၊ မီးမီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013