
ဖေဖော်ဝါရီလ ၁ရက်နေ့က တပ်မတော် အာဏာသိမ်းပြီး မြင့်တက်လာခဲ့တဲ့ ကုန်ဈေးနှုန်းတွေဟာ လက်ရှိအချိန်ထိ ပြန်လည်ကျဆင်းသွားခြင်းမရှိသေးဘူးလို့ ဘုရင့်နောင် ကုန်စည်ဒိုင်က သိရပါတယ်။
ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်)မှာ ဆန်ဈေးနှုန်းက တစ်အိတ်ကို ကျပ် ၂၀၀၀ ဝန်းကျင် မြင့်တက်နေပြီး လက်လီဈေးကွက်မှာ တစ်အိတ်ကို ကျပ် ၃၀၀၀ ကနေ ၄၀၀၀ ကြား မြင့်တက်နေတယ်လို့ ကုန်စည်ဒိုင် တာဝန်ရှိသူက ပြောပါတယ်။
တပ်မတော်က အာဏာသိမ်းပြီး အနေအထားမှာ ပြည်သူတွေက စိုးရိမ်စိတ်တွေနဲ့ အလုအယက် ဝယ်ယူခဲ့ကြလို့ တက်လာခဲ့တဲ့ ဆန်ဈေးနှုန်းက လက်ရှိအချိန်ထိ ပြန်လည်ကျဆင်းသွားခြင်း မရှိသေးပါဘူး။
ဒါ့အပြင် စားသုံးဆီနဲ့ အခြား အခြေခံစားကုန်တွေ၊ ဟင်းသီးဟင်းရွက် ဈေးနှုန်းတွေကလည်း လက်လီဈေးကွက်မှာ ဈေးမြင့်တက်နေပါတယ်။