DVB Logo
Home
မြန်မာသတင်း
NLD ရုံးချုပ်ကို စစ်တပ်က ချိုးဖျက်ဝင်ရောက်ခဲ့မှု ရာဇဝတ်ပြစ်မှုမြောက်၊ ရဲစခန်းက အမှုဖွင့်မပေး
DVB
·
February 10, 2021
NLD ရုံးချုပ်ကို စစ်တပ်က ချိုးဖျက်ဝင်ရောက်ခဲ့မှု ရာဇဝတ်ပြစ်မှုမြောက်၊ ရဲစခန်းက အမှုဖွင့်မပေး
1 / 9
Donate to DVB

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာရှိတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို ရုံးချုပ်ကို မနေ့ညက စစ်တပ်က ချိုးဖျက်ဝင်ရောက်ရှာဖွေခဲ့တာဟာ ရာဇဝတ်ပြစ်မှုကျူးလွန် ရာရောက်တယ်လို့ NLDပါတီက ကြေညာလိုက်ပြီး ဒီအမှုနဲ့ပတ်သက်လို့  တိုင်ကြားရာမှာ ရဲစခန်းက အမှုမဖွင့်ပေးဘူးလို့ သိရပါတယ်။

ပါတီအနေနဲ့ဗဟန်းရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပေမယ့်  အမှုမဖွင့်ပေးတဲ့အပြင် ရုံးချုပ်ကိုလာရောက်စစ်ဆေးမယ်လို့သာ ပြောခဲ့တယ်လို့ အန်အယ်လ်ဒီ ပါတီ ဗဟိုအလုပ်မှုဆောင်ပါတီဝင် ဦးကြည်တိုးက ပြောပါတယ်။

ဖေဖေါ်ဝါရီ ၉ ရက် မနေ့ည ၁၀ နာရီခန့်လောက်မှာ  ဗဟန်းမြို့နယ်ရှိ အန်အယ်လ်ဒီ ပါတီဌာနချုပ်နဲ့  တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ရုံး တို့ကိုစစ်တပ်က ချိုးဖျက်ဝင်ရောက်ပြီး စာရွက်စာတမ်းတွေ ကွန်ပျူတာဟာ့ဒစ်တွေ၊ ငွေစာရင်းစာအုပ်အပါအဝင် ဘဏ်စာအုပ်တွေနဲ့ ချက်လက်မှတ်တွေကိုယူဆောင်သွားတယ်လို့ သိရပါတယ်။ 

ဒီလုပ်ရပ်ဟာ ရာဇဝတ်ပြစ်မှုကျူးလွန်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒီဖြစ်စဉ်မှာ ပါဝင် ပတ်သက်သူတွေအနေနဲ့ တာဝန်ခံဖြေရှင်းဆောင်ရွက်ပေးရမှာဖြစ်ကြောင်းနဲ့ ဒီလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ ထုတ်ပြန် ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013