
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ နီးကပ်လာတာနဲ့အမျှ ပွဲကြည့်လက်မှတ်စျေးနှုန်းတွေ သိသိသာသာ ဆက်တိုက်ကျဆင်းလာပါတယ်။
တချို့ အုပ်စုပွဲစဉ်တွေအတွက် လက်မှတ်တွေကို ဒေါ်လာ ၁၀၀ ဝန်းကျင်နဲ့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။
ဖီဖာရဲ့ စျေးနှုန်းပြောင်းလဲသတ်မှတ်တဲ့ စနစ်ကြောင့် ပြီးခဲ့တဲ့ ရက်ပေါင်း ၃၀ အတွင်း လက်မှတ် စျေးနှုန်းတွေ ၂၂ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။
ဂျော်ဒန်နဲ့ အယ်လ်ဂျီးရီးယား ပွဲစဉ်ရဲ့အသက်သာဆုံး လက်မှတ်စျေးနှုန်းတွေဟာ ဒေါ်လာ ၉၈ အထိ ကျဆင်းခဲ့ပါတယ်။
ဗိုလ်လုပွဲအတွက် အဆင့်မြင့် "Category 1" လက်မှတ်စျေးနှုန်းတွေကို ဖီဖာက မူလသတ်မှတ်စျေး ဒေါ်လာ ၁၁,၀၀၀ ဝန်းကျင်ထက် ၃ ဆလောက် မြှင့်တင်ကာ ဒေါ်လာ ၃၂,၉၇၀ အထိ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။
Photo:Reuters










