Home
မြန်မာသတင်း
မိုးကောင်းတွင် ဌာနဆိုင်ရာ၀န်ထမ်းနှင့် ပြည်သူ ၁ သိန်းကျော် ဆန္ဒပြ
DVB
·
February 10, 2021
148349895_450830779661776_5306474124952876531_n
148349895_450830779661776_5306474124952876531_n (1)
148291367_450830676328453_6009936315623785257_n
148186326_450830709661783_381879894396281483_n

ကချင်ပြည်နယ် မိုး​ကောင်းမြို့နယ်မှာ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ လူငါး​ယောက်ထက်မစုရအမိန့်ကိုဆန့်ကျင်ပြီး  ဌာနဆိုင်ရာ၀န်ထမ်းတွေနဲ့ ပြည်သူ တစ်သိန်း​ကျော် ဒီ​နေ့ မနက်က  ဆန္ဒ​ပြခဲ့ကြပါတယ်။

စစ်အာဏာရှင်အစိုးရအလိုမရှိ၊ အ​မေစုနဲ့ဖမ်းဆီခံအစိုးရ​ခေါင်း​ဆောင်များ ချက်ခြင်းလွှတ်၊ ပြည်​ထောင်စုလွှတ်​တော်​ခေါ်ယူ​ပေး​ရေးစတဲ့ အချက်တွေကို ​ကြွေး​ကြော်​တောင်းဆိုခဲ့ကြပါတယ်။

မနေ့ကဆန္ဒပြပွဲမှာ ဌာနဆိုင်ရာ၀န်ထမ်း​တွေမပါ​ပေမယ့် ဒီ​နေ့မှာ​တော့ ပညာ​ရေးဌာန၊ ကျန်မာ​ရေးဌာန၊ လျှပ်စစ်ဌာန၊ စည်ပင်ဌာနနဲ့ အစိုးရဘဏ်၀န်ထမ်းတွေအပြင် ပုဂ္ဂလိကဘဏ်၀န်ထမ်းတွေပါ ပါ၀င်လာတာ​တွေ့ရပါတယ်။

ဆန္ဒပြပွဲကို ရဲတပ်ဖွဲက လမ်း​ကြောင်းပိတ်ဆို့ထား​ပေမယ့် ​နောက်ပိုင်းမှာ ပြန်ဖွင့်​ပေးခဲ့ပါတယ်။ ဆန္ဒပြဦး​ဆောင်သူ​တွေကို​တော့ ညပိုင်းမှာ ရဲ​တွေက အိမ်​တွေလာ​ရောက်ဖမ်းဆီ​တာ​ကြောင့်​ ရှောင်တိမ်း​နေရ​ကြောင်း သိရပါတယ်။

ကိုထက် (မိုးကောင်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024