DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်ရှိ မဲ့လစစ်ပြေးဒုက္ခသည်စခန်း မီးလောင်
DVB
·
February 10, 2021
ထိုင်း-မြန်မာနယ်စပ်ရှိ မဲ့လစစ်ပြေးဒုက္ခသည်စခန်း မီးလောင်
1 / 4
Donate to DVB

ထိုင်း-မြန်မာနယ်စပ်က မြန်မာစစ်ပြေးဒုက္ခသည် စခန်းတစ်ခုဖြစ်တဲ့  မဲ့လဒုက္ခသည်စခန်းမှာ ဖေဖေါ်ဝါရီ ၉ ရက် ည ၉ နာရီခွဲလာက်က မီးလောင်မှုဖြစ်ပွားပြီး ဒုက္ခသည်နေအိမ် အလုံး ၅၀ လောက် ဆုံးရှုံးပျက်စီးသွားပါတယ်။

ဒုက္ခသည်စခန်းရှိ ရပ်ကွက် ( ဇုန်C)မှ မီးစတင် မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုကို တာဆောင်ရမ်း မီးသတ်တပ်ဖွဲ့နဲ့  မယ်လမတ်မီးသတ်တပ်ဖွဲ့တွေရဲ့ ကူညီမှုကြောင့် တစ်နာရီလောက်အကြာမှာ မီးငြှိမ်းနိုင်ခဲ့ပါတယ်။

နေအိမ်တွေမီးလောင်ဆုံးရှုံးသွားတဲ့ ဒုက္ခသည်တွေကို မြန်မာ-ထိုင်းနယ်စပ် အခြေစိုက်  NGO နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ ပေးအပ်လှူဒါန်းသွားဖို့ ရှိပါတယ်။

မဲ့လ ဒုက္ခသည်စခန်းမှာ  ပြည်တွင်းစစ်ကြောင်း မြန်မာပြည်က တိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်  ၄၀၀၀၀  လောက်နေထိုင်တဲ့ စခန်းဖြစ်ပြီး  နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေအထဲမှာ အကြီးဆုံးစခန်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013