DVB Logo
Home
မြန်မာသတင်း
CDM နှင့် Red Ribbon လှုပ်ရှားမှုတွင် ကျောက်ဆည်နှင့် မိုးကုတ် ထွေအုပ်ဦးစီဌာနဝန်ထမ်းများ ပါဝင်လာ
DVB
·
February 9, 2021
CDM နှင့် Red Ribbon လှုပ်ရှားမှုတွင် ကျောက်ဆည်နှင့် မိုးကုတ် ထွေအုပ်ဦးစီဌာနဝန်ထမ်းများ ပါဝင်လာ
1 / 3
Donate to DVB

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်နဲ့ မိုးကုတ်မြို့နယ်တွေအပါအဝင် ရှမ်းပြည်နယ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းအချို့ဟာ Civil disobedience movement  (CDM) လှုပ်ရှားမှုနဲ့အတူ Red Ribbon Campaing မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ပူးပေါင်း ပါဝင်လာပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ရာမှာ ပူးပေါင်းပါဝင်လာကြတာဖြစ်ပြီး မိုးကုတ်မြို့ ပြည်သူလူထုမှလည်း အင်အားသောင်းနှင့်ချီ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်း ၁၂ ဦးက အာဏာသိမ်းအစိုးရလက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်း မရှိတဲ့အတွက် ပြည်သူနဲ့အတူ CDM ပြုလုပ်ခဲ့တာပါ။

ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန က ဝန်ထမ်းစုစုပေါင်း ၂၀၀ ကျော်ရှိပြီး ၁၂ ဦးက CDM စတင်ပြုလုပ်တာဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ဝန်ကြီး ဦးစိုးညွန့်လွင်ကလည်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ လက်အောက်မှာရှိတဲ့ ဦးစီးဌာန/အဖွဲ့အစည်း နဲ့ လက်အောက်ခံ ရုံးဌာနအသီးသီးမှ သက်ဆိုင်ရာ အရာရှိ/အရာထမ်းတွေအားလုံး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ အစိုးရသစ်ဖွဲ့စည်းချိန်ထိ အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။

သတင်း - ဟန်နာထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013