DVB Logo
Home
မြန်မာသတင်း
CDM တွင် ပါဝင်သည့် ဝန်ထမ်းများကို ကူညီရန် ခိုင်မြဲသော လက်များ လှုပ်ရှားမှု စတင်
DVB
·
February 9, 2021
CDM တွင် ပါဝင်သည့် ဝန်ထမ်းများကို ကူညီရန် ခိုင်မြဲသော လက်များ လှုပ်ရှားမှု စတင်
1 / 3
Donate to DVB

စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်ချင်လို့ (Civil Disobedience Movement လူထုဆန့်ကျင်ရေးလှုပ်ရှားမှု- CDM)မှာ ပူးပေါင်းပါဝင်လာတဲ့ ဝန်ထမ်းတွေအခက်အခဲဖြစ်ရင် ကူညီနိုင်ဖို့ အသင်းအဖွဲ့တွေ ချိတ်ဆက်နေကြပါတယ်။

ဒယ်အိုးဆရာတော်၊ ရွှေဇီးကွက်၊ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်း၊ အဆိုတော်လင်းလင်း၊ သရုပ်ဆောင်ဇဏ်ခီ တို့ဦးဆောင်ပြီး ကူညီပေးမဲ့အဖွဲ့အချင်းချင်း ချိတ်ဆက်ပြီး ခိုင်မြဲသော လက်များ ဆိုတဲ့ လှုပ်ရှားမှုကို စတင်နေပါတယ်။

“အခုတော့ နေပြည်တော်က ဝန်ထမ်း ရာဂဏန်းကို ကူညီပေးနေပါပြီ။ လူကယ်ပြန်ဝန်ကြီးဌာနဝန်ထမ်းတွေ၊ ရန်ကုန်မှာ စည်ပင်ဝန်ထမ်းတွေ၊ ကျန်းမာရေးဌာနက သူနာပြုတွေ၊ နောက် ပညာရေး၊ အခွန်ဝန်ထမ်းတွေကလည်း ချိတ်ဆက်လာကြလို့ ကူညီပေးဖို့ စီစဉ်နေပါတယ်။ တကယ်လို့ CDM လုပ်တဲ့အခါ လိုအပ်ရင် အကူအညီတောင်းမယ်ဆိုတာကလည်း လူ ထောင်ဂဏန်းရှိပါတယ်” လို့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ဝန်ထမ်းတွေအတွက် လက်ရှိမှာ နေစရာအဆောင်တွေ ကူညီပေးရပြီး တချို့ကလည်း ဌာနတွင်းယူထားတဲ့ အကြွေးအခက်အခဲရှိတယ်လို့ ဆိုပါတယ်။ 

“အခုကတော့ အကူအညီတောင်းသူတွေထက် ကူညီပေးမဲ့အဖွဲ့တွေကတောင် ပိုများနေသလိုပဲ” လို့ လှုပ်ရှားမှုရဲ့ တာဝန်ရှိသူက ပြောပါတယ်။ သူတို့နဲ့ ချိတ်ဆက်ဖို့ ဖြစ်ဖြစ်၊ အကူအညီတောင်းဖို့ ဖြစ်ဖြစ် ဖုန်း 09 75 295 7515 ကို ဆက်သွယ်နိုင်ပါတယ်။

ဒါ့အပြင် ခရစ်ယာန်ကျောင်းသားတွေ စုပေါင်းပြီးတော့လည်း CDM လုပ်တဲ့သူတွေကို ကူညီပေးနေပါတယ်။

Myanmar Student Christian Movement ကကူညီနေတာဖြစ်ပြီး တနိုင်ငံလုံးက ကျောင်းသားတွေနဲ့ ချိတ်ဆက် ရန်ပုံငွေရှာနေတယ်လို့ ဘဏ္ဍာရေးတာဝန်ခံက ပြောပါတယ်။

အစီအစဉ်ကို ဦးဆောင်သူတယောက်က “လက်ရှိမှာတော့ ကော့သောင်းနဲ့ နေပြည်တော်က ဝန်ထမ်းတွေကို ကူညီပေးနေပါတယ်။ သူတို့က နေစရာလိုတော့ ကျမတို့ အသင်းတော်ကျောင်းတွေမှာ နေရာချထားပေးပါတယ်။ ပြီးတော့ တနိုင်ငံလုံးက အသင်းတော်ကျောင်းတွေကိုလည်း ချိတ်ဆက်ထားပြီး နေရာပေးဖို့ အကူအညီတောင်းထားပါတယ်” လို့ ပြောပါတယ်။

သူတို့ကို ဆက်သွယ်မယ်ဆိုရင်တော့ ဖုန်း 09428356943 နဲ့ 09782035578 ကို ဆက်သွယ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013