DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းများ ရုံးတက်/မတက် တင်ပြရန် လဟယ်ဌာနဆိုင်ရာအကြီးအကဲများကို အမိန့်ထုတ်
DVB
·
February 9, 2021
ဝန်ထမ်းများ ရုံးတက်/မတက် တင်ပြရန် လဟယ်ဌာနဆိုင်ရာအကြီးအကဲများကို အမိန့်ထုတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လဟယ်မြို့မှာ ဝန်ထမ်းတွေ ရုံးတက်ရောက်ခြင်း ရှိ/မရှိ မှတ်တမ်းလုပ်ပြီး တင်ပြဖို့ ဌာနအသီးသီးက အကြီးအကဲတွေကို လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၈ ရက်နေ့က အမိန့်ထုတ်ပြန်ထားပါတယ်။

ဌာနဆိုင်ရာ အကြီးအကဲတွေအနေနဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး မိမိတို့ဌာနရှိ ဝန်ထမ်းတွေ ရုံးတက်ချိန်အတွင်း ရုံးတက်ရောက်မှု ရှိ/မရှိ၊ ပျက်ကွက်ပါက ခွင့်တိုင်ကြားမှုရှိမရှိ မှတ်တမ်းတင်ပြီး နေ့စဉ် မနက် ၁၀ နာရီမှာ တင်ပြဖို့ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလက်မှတ်နဲ့ ညွှန်ကြားထားပါတယ်။

လဟယ်မြို့မှာ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ထမ်းအယောက် ၃၀ လောက်က ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာလည်း အာဏာသိမ်းစစ်အစိုးရ အလိုမကြောင်း ဆန္ဒပြပွဲတွေ ကျင်းပနေသလို ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာ/ဆရာမတွေအပါအဝင် ပြည်သူ့ဝန်ထမ်းတွေလည်း CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပြီး ဆန္ဒပြနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013