DVB Logo
Home
မြန်မာသတင်း
အနိုင်ရပါတီအစိုးရသစ်ဖွဲ့ပြီးချိန်ထိ ပဲခူးတိုင်းအစိုးရ ဌာနအချို့မှ ဝန်ထမ်းများကို လုပ်သက်ခွင့်ပေ
DVB
·
February 8, 2021
အနိုင်ရပါတီအစိုးရသစ်ဖွဲ့ပြီးချိန်ထိ ပဲခူးတိုင်းအစိုးရ ဌာနအချို့မှ ဝန်ထမ်းများကို လုပ်သက်ခွင့်ပေ
Donate to DVB

အာဏာအသိမ်းခံ ပဲခူးတိုင်း အရပ်သားအစိုးရအဖွဲ့ဝန်ကြီးအချို့ဟာ ရွေးကောက်ပွဲ အနိုင်ရပါတီက အစိုးရအဖွဲ့သစ်ဖွဲ့ စီးပြီးချိန်အထိ မိမိတို့လက်အောက် ဌာနဆိုင်ရာတွေကို ခွင့်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းထွန်းဦးက “တိုင်းအစိုးရအဖွဲ့ဦးဆောင်ဝန်ကြီးချုပ်ကိုယ်စား ကျနော်လက််မှတ်ရေးထိုးပြီး ဌာနဆိုင်ရာတွေကို ခွင့်ရက်အဖြစ်သတ်မှတ်ဖို့ လုပ်နေပါပြီ။ လူမှုရေးဝန်ကြီးက သူ့လက်အောက်မှာရှိတဲ့ ဌာနဆိုင်ရာ ကိုးခုကို   ခွင့်ရက်သတ်မှတ်တဲ့စာ ထုတ်ထားပြီးပါပြီ။ ကျနော်က တစ်တိုင်းလုံး ကိုယ်စား ထုတ်ပြန်မယ်” လို့ ပြောပါတယ်။ 

တပ်မတော်ရဲ့အာဏာ သိမ်းယူမှုဟာ တရား မဝင်တာကြောင့် တိုင်းဒေသကြီးအစိုးရအ ဖွဲ့ဥပဒေပုဒ်မ ၂၉ ကို အသုံးချပြီး မိမိတို့ဝန်ကြီးဌာနလက်အောက်က ဌာနဆိုင်ရာတွေကို အစိုးရအဖွဲ့ဖွဲ့ပြီးချိန်အထိ ခွင့်ရက်အဖြစ် သတ်မှတ်လိုက်တာလို့ ပဲခူးတိုင်းအစိုးရဝန်ကြီးအချို့ရဲ့ အမိန့်ကြေညာချက်မှာ  ထည့်သွင်းဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစတင်ပြီး ဌာနဆိုင် ဝန်ထမ်းအချို့ဟာ အာဏာသိမ်းစစ်အစိုးရ လက်အောက်အလုပ်တာဝန်ဝတ္တရားများကို ထမ်းဆောင်မှုပြုမှာ မဟုတ်ဘူးလို့ ဌာနအလိုက် ထုတ်ပြန်အသိပေးနေကြတာကိုလည်း လေးစားစွာမှတ်တမ်းတင်တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။

ရဲထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013