
၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲစဉ်တွေမှာ ပရိသတ်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက် ကြော်ငြာတွေကို အကြိမ်ပေါင်း ၆၅,၀၀၀ ကျော် ကြည့်ရှုခဲ့ရတာပါ။
ဗြိတိန်သုတေသနအဖွဲ့ရဲ့ လေ့လာမှုအရ ဒီကြော်ငြာတွေဟာ စုစုပေါင်း ၂၈ နာရီကျော်အထိ ပါဝင်နေတာကို တွေ့ရှိခဲ့ပြီး ဒါဟာပြိုင်ပွဲ တခုလုံးရဲ့ ပွဲကစားချိန် ၁၆ ရာခိုင်နှုန်းကျော် ပမာဏအထိ ရှိခဲ့တာပါ၊၊
ပွဲတွေမှာ ကိုကာကိုလာ၊ မက်ဒေါ်နယ်နဲ့ လေးစ် အာလူးကြော်လို အမှတ်တံဆိပ်တွေ အများဆုံး ပါဝင်ခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကတော့ ကြော်ငြာတွေကရတဲ့ ဝင်ငွေအများစုကို ဘောလုံးဖွံ့ဖြိုးရေးနဲ့ ကျန်းမာရေး မြှင့်တင်မှု စီမံကိန်းတွေမှာ ပြန်လည် အသုံးပြုပေးနေကြောင်း တုံ့ပြန်ထားပါတယ်။











