DVB Logo
Home
မြန်မာသတင်း
ဥပဒေမဲ့အနိုင်အထက်ပြုပြီး အစိုးရအား ဖျက်သိမ်းမှု ရာဇဝတ်မှုမြောက်ကြောင်း CRPH ကြေညာ
DVB
·
February 8, 2021
ဥပဒေမဲ့အနိုင်အထက်ပြုပြီး အစိုးရအား ဖျက်သိမ်းမှု ရာဇဝတ်မှုမြောက်ကြောင်း CRPH ကြေညာ
Donate to DVB

လက်နက်အားကိုး ဥပဒေမဲ့ အနိုင်အထက်ပြုပြီး ပြည်ထောင်စုအစိုးရအား ဖျက်သိမ်းတာဟာ ရာဇဝတ်မှုမြောက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာလိုက်ပါတယ်။

ဥပဒေမဲ့ အနိုင်အထက်ပြုကာ လက်နက်အားကိုးပြီး ပြည်ထောင်စုအစိုးရကို ဖျက်သိမ်းဖို့ အားထုတ်မှုဟာ ပြစ်မှုဆိုင်ရာ ဥပဒေအခန်း ၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းလျက် ပြည်ထောင်စုအစိုးရကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

တပ်မတော်က အာဏာသိမ်းပြီး ၈ ရက်အကြာ ထုတ်ပြန်လိုက်တဲ့ ဒီကြေညာချက်ကို နိုဝင်ဘာ ၅ ရက်မှာ အန်အယ်လ်ဒီက ဖွဲ့စည်းပေးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ ဥပဒေမဲ့ အာဏာသိမ်းယူပြီး နိုင်ငံတော်ကို ဆန့်ကျင်သော လုပ်ရပ်အား ခေါင်းငုံ့မခံဘဲ အကြမ်းမဖက်တဲ့ နည်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက်ကြတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းမှ တိုင်းရင်းသားပြည်သူတွေရဲ့ တာဝန်ကျေမှုနဲ့ ရဲရင့်ပြတ်သားမှုတွေကိုလည်း အသိအမှတ်ပြုထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းယူတာကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အချို့ကိုလည်း အလေးအနက်ကျေးဇူးတင်ကြောင်းနဲ့ မတရားမှုအား ဆန့်ကျင်တာကို ဆက်ပြီး ထောက်ခံအားပေးဖို့လည်း ကော်မတီက တိုက်တွန်းထားပါတယ်။

စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး ဘုံပန်းတိုင် ရောက်ရှိအောင်မြင်ရေးအတွက် ကြိုးပမ်းတဲ့ ခရီးလမ်းအတွက် အနှောင့်အယှက် အဟန့်အတားတွေအပေါ် သတိကြီးစွာ ထားရှိကြဖို့လည်း တိုက်တွန်းထားပါတယ်။

အနှောင့်အယှက်အဟန်းအတားတွေကို လူမျိုးဘာသာမခွဲခြား၊ နိုင်ငံရေးအင်အားစုတွေအကြား နားလည်မှုနဲ့ ညီညီညွတ်ညွတ် ပူးပေါင်းဖယ်ရှားပစ်ကြဖို့လည်း ကော်မတီက တိုက်တွန်းထားပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုအကြောင်းပြချက်နဲ့ တည်ဆဲအန်အယ်လ်ဒီ အစိုးရတာဝန်ရှိသူတွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တချို့ကို ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ တပ်မတော်က ဖမ်းဆီးကာ နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်တာကြောင့်  နိုင်ငံအနှံ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်မြင့်လာပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013