DVB Logo
Home
မြန်မာသတင်း
ရုံးမှပြန်မလွှတ်တော့ဟု သတင်းထွက်နေ၍ နေပြည်တော်ဝန်ထမ်းအချို့ တနင်္လာနေ့ အလုပ်မဆင်း ရန် ဆုံးဖြတ်
DVB
·
February 7, 2021
ရုံးမှပြန်မလွှတ်တော့ဟု သတင်းထွက်နေ၍ နေပြည်တော်ဝန်ထမ်းအချို့ တနင်္လာနေ့ အလုပ်မဆင်း ရန် ဆုံးဖြတ်
Donate to DVB

မနက်ဖြန် ရုံးတက်မယ့် ဝန်ထမ်းတွေကို အိမ်မပြန်လွှတ်တော့ဘူးလို့ သတင်းထွက်နေတာကြောင့် နေပြည်တော်က ရုံးဝန်ထမ်းတချို့ ရုံးမတက်တော့ဘူးလို့ ဆိုပါတယ်။

သစ်တောဦးစီးဌာနဝန်ထမ်းတဦးက “ကျမတို့ဌာနက မနက်ဖြန် ဝန်ထမ်းတချို့ပဲ ရုံးတက်ကြမှာ။ အတော်များများက လစာမဲ့ ခွင့်ယူကြမယ်။ တက်တဲ့သူတွေကတော့ လူကြီးတွေနားမှာ ကပ်ပြီးနေကြတဲ့သူတွေ” လို့ ပြောပါတယ်။

အချို့ဝန်ကြီးဌာနတွေမှာတော့ ဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၈ ရက်မှာ မဖြစ်မနေ ရုံးတက်ရမယ်ဆိုပြီး ဖိအားပေးနေတယ်လို့ ဆိုပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဝန်ကြီးဌာန(သတ္တုရေးရာ) နေပြည်​တော်က  အကြီးတန်းစာ​ရေး တဦးကလည်း စစ်အာဏာရှင်အစိုးရအား လုံးဝ လက်မခံတာကြောင့် CDM လှုပ်ရှားမှုမှာ အားဖြည့်ပါဝင်ဖို့ ဖေဖော်ဝါရီ ၈ ရက်ကစပြီး ရုံတက်တော့မှာ မဟုတ်ကြောင်း ရေးသားထားပြီး ဝန်ထမ်းအားလုံး ပါဝင်အားဖြည့်ပေးဖို့ တိုက်တွန်းထားပါတယ်။

သစ်တောဦးစီးဌာန ဝန်ထမ်းတဦးကလည်း ပြည့်သူဆန္ဒနဲ့ အညီ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရမဟုတ်တဲ့ အဓမ္မနည်းနဲ့ စစ်တပ်အုပ်ချုပ်မှုယန္တရားအောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိလို့ ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြိး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်သွားမယ်လို့ ပြောပါတယ်။

အခုလို CDM လှုပ်ရှားမှုမှာ ပါဝင်ကြမယ့် ဝန်ထမ်းတွေကို အထက်တာဝန်ရှိသူတွေက နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲဆို တောင်ချမယ်ဆိုပြီး ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းတွေအရ နေပြည်တော် ဝန်ကြီးဌာနတွေမှာ တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ၊ တိုင်းနဲ့ ပြည်နယ်ရုံးဝန်ထမ်းတွေကို မနက်ဖြန် ရုံးဆင်းချိန်မှာ အိမ်ပြန်ခွင့်မပြုတော့ဘဲ ရုံးမှာပဲ ရက်အကန့်အသတ် မရှိနေခိုင်းမယ် ဆိုတာကြောင့် ဝန်ထမ်းတွေက ရုံးတက်ဖို့ စိုးရိမ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013