DVB Logo
Home
Lead Story
"တစ်ကမ္ဘာလုံးက လက်မခံနိုင်တဲ့ အာဏာသိမ်းမှုဖြစ်တယ်"- ဦးအောင်မျိုးမင်း
DVB
·
February 5, 2021
"တစ်ကမ္ဘာလုံးက လက်မခံနိုင်တဲ့ အာဏာသိမ်းမှုဖြစ်တယ်"- ဦးအောင်မျိုးမင်း
Donate to DVB

ဖေဖော်ဝါရီ ၄ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်တရပ် ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်က အရေးပေါ်အခြေအနေ ကြေညာခဲ့တဲ့အပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းနဲ့ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အခြားသူတွေကို ချက်ခြင်းလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကိုမေးမြန်းထားပါတယ်။

မေး ။ ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာချက်ထွက်လာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။အဲဒိ ကြေညာချက်ရဲ့  အနှစ်သာရကို ပြောပြပေးပါ။

ဖြေ ။ ။ အနှစ်သာရကတော့ ကျနော်တို့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဒီလူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချတာက ပထမဆုံးဖြစ်တယ်။ ပထမဆုံးအနေနဲ့စစ်အာဏာသိမ်းယူမှုလို့ မပြောဘဲနဲ့ စိုးရိမ်မှုရှိတယ်လို့ ပြောထားတယ်။ နောက်တစ်ခါ ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦး၀င်းမြင့် အပါအ၀င် တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ဖို့အတွက် သူတို့ကတောင်းဆိုထားတယ်။

နောက်တစ်ခါ ဒီဟာနဲ့ပတ်သက်ပြီးတော့ ပြန်လည်ပြီး မြန်မာနိုင်ငံအခြေအနေကောင်းမွန်အောင် ပြန်လည်လုပ်ဆောင်ဖို့အတွက် တိုက်တွန်းထားတာက အဓိကအချက်ဖြစ်ပါတယ်။ နောက်တစ်ခါ တရုတ်နဲ့ပတ်သက်ပြီးတော့ တရုတ်က ဒါကို တားဆီးတယ်။ ဒါမျိုးမဖြစ်အောင် ဆန့်ကျင်တယ်လို့ တားဆီးပေမယ့် တရုတ်နိုင်ငံအစိုးရကိုယ်တိုင်က သူတို့အနေနဲ့ ဒါကိုတားဆီးခဲ့တာမဟုတ်ပါဘူး။ ဒီလိုမျိုးကိစ္စတွေမှာ သူတို့အနေနဲ့ တခြားနိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံမှာ ပြန်လည်ပြီး အခြေအနေကောင်းမွန်ဖို့အတွက် ဖြေရှင်းချက်ကို တပြိုင်နက် ထုတ်ပြန်မှုက ထူးခြားချက်တစ်ခုဖြစ်တယ်။ ကျနော်တို့ အားရစရာလည်းဖြစ်ပါတယ်။

မေး ။ ။ အာဆီယံချာတာကို ထည့်ပြီးထောက်ခံထားတာတွေ့ရတယ်။ ဒီလို အထူးတလည်‌ ထောက်ခံထားရတဲ့အကြောင်းအရင်းက ဘယ်လောက်တာသွားတယ်လို့ ထင်ရလဲ။

ဖြေ ။ ။ ဒီဟာတစ်ခုကတော့ အာဆီယံမှာ တရုတ်‌ရော၊ အမေရိကရော ၊ဗြိတိန်ရောက အာဆီယံရဲ့ မိတ်ဖက်တွေဖြစ်ပါတယ်။ အာဆီယံရဲ့ လုပ်ဆောင်ချက်ကိုအသိအမှတ်ပြုတယ်လို့ သူတို့ကိုယ်တိုင်လည်း လုံခြုံရေးကောင်စီမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်နေတဲ့အသံကို အာဆီယံမှာ ထပ်လောင်းပြီးတော့ သတိပေးလိုက်သလို သတင်းမက်ဆေ့တစ်ခုပေးလိုက်သလိုလည်း ဖြစ်ပါတယ်။ အဲဒိတော့ ကုလသမဂ္ဂလို နေရာမျိုးနဲ့ နိုင်ငံတကာတောင်မကပဲနဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အာဆီယံဒေသတွင်းကလည်း ဒီအချက်ကို ထည့်သွင်းစဉ်းစားဖို့ အတွက် သတင်းပေးတဲ့သဘောမျိုးသက်ရောက်ပါတယ်။

မေး ။ ။ ရက်ပိုင်းအတွင်းက တရုတ်နဲ့ရုရှားက ဆုံးဖြတ်ချက် ချဖို့အတွက် လက်မှတ်မထိုးဘူးလို့ပြောတယ်။ အခုပုံစံက တစ်နည်းတဖုံပြောင်းလဲသွားတယ်။ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ ဒီကိစ္စက တစ်ကမ္ဘာလုံးက လက်မခံနိုင်တဲ့ အာဏာသိမ်းမှုဖြစ်တယ်။ ဒီမိုကရေစီအစိုးရကို ဖျက်သိမ်းပြီးတော့ ဖမ်းဆီးတာဟာ ဘယ်လိုအကြောင်းနဲ့မှ ငြင်းမရဘူး။ တရုတ်တို့ ၊ရုရှားတို့က လူမိုက်ကြီးလုပ်ပြီးတော့ ပိတ်ဆို့လို့မရဘူးဆိုတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ အဲဒိတော့ ဒီအဆင့်တော့ အောင်မြင်သွားတယ်။

မြန်မာနိုင်ငံမှာ ဒီအဆင့်မလုပ်ဆောင်နိုင်ရင် ဘယ်လိုမျိုးအရေးယူမှု လုပ်ဆောင်နိုင်မလဲ။ အဲဒိအပိုင်းက ထပ်ပြီးဆွေးနွေးဖို့လိုအပ်လာပြီ။ ဒါကတော့ သူတို့အခြေအနေစောင့်ကြည့်မယ့် သဘောမျိုးဖြစ်ပါတယ်။ ဒီလိုမျိုး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဘာလုပ်ပါမယ်ဆိုတဲ့ ဆုံးဖြတ်ချက် လုပ်ဆောင်မှုအပိုင်းကို ထပ်ပြီးဆွေးနွေးမယ်ဆိုလည်း ထပ်ပြီးကွဲဦးမှာပဲ။ ဘယ်လိုမျိုးပုံစံသွားမလဲ တချို့နိုင်ငံတွေက ပြင်းပြင်းထန်ထန်သွားချင်တဲ့သဘော၊ တရုတ်နဲ့ ၊ ရုရှားကျတော့လည်း မသွားချင်တဲ့သဘော ထပ်ပြီးအငြင်းပွားမှု ထပ်ရှိမှာတော့ သေချာပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ပထမဆုံးဘုံသဘောထားထုတ်ပြန်ချက်က နောက်ထပ် ထပ်ပြီးဆွေးနွေးတဲ့အခါမှာ အားကောင်းတဲ့အချက် ၊ထောက်ပြလို့ရတဲ့အချက် ၊ကိုးကားစရာအချက် ဖြစ်မှာတော့ သေချာတယ်။

ကျေးဇူးတင်ပါတယ်။

Photo Credit- U Aung Myo Min

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013