DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်က ကမ္ဘာ့လေထုညစ်ညမ်းမှုအဆိုးဆုံးမြို့ဖြစ်နေ 
DVB
·
March 27, 2026
Photo: Min Thant Zin
Photo: Min Thant Zin
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ဟာ လေထုအရည်အသွေးတိုင်းတာတဲ့ အဖွဲ့အစည်း IQAir ရဲ့ တိုင်းတာချက်အရ မတ် ၂၇ ရက်‌ ဒီမနက် ၁၀ နာရီမှာ  AQI (Air Quality Index) လေထုအရည်အသွေး အညွှန်းကိန်း ၂၂၄ မှာရှိ‌နေပြီး ကမ္ဘာ့လေထုညစ်ညမ်းမှုအများဆုံး မြို့ နံပါတ် ၁ မှာ ရောက်ရှိနေပါတယ်။ 

ဒီအညွှန်းကိန်းဟာ ကျန်းမာရေးကို အလွန်ထိခိုက်နိုင်တဲ့ (Very Unhealthy) ခရမ်း‌‌ရောင်အဆင့် အခြေအနေဖြစ်ပြီး လူတိုင်းရဲ့ ကျန်းမာရေးကို သိသိသာသာ ထိခိုက်စေနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ကျန်းမာရေး‌‌ကောင်းမွန်တဲ့ သာမန်လူတွေအ‌‌နေနဲ့ အပြင်ထွက်ရင် အသက်ရှူရ ခက်ခဲတာ၊ ‌‌ ချောင်းဆိုးတာနဲ့ ရင်ဘတ်အောင့်တာမျိုး‌တွေ ခံစားရနိုင်ပါတယ်။

ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အို‌တွေ၊ ပန်းနာရင်ကျပ် ဒါမှမဟုတ် နှလုံး‌ရောဂါ အခံရှိသူတွေ အ‌နေနဲ့ကတော့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ရုတ်တရက် ဖြစ်ပွား‌နိုင်ပါတယ်။ 

ဒါ‌ကြောင့် ချင်းမိုင်ကို ‌ရောက်နေကြတဲ့ မြန်မာပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ အပြင်ကို မထွက်ဘဲ အိမ်ထဲမှာ နေထိုင်ကြဖို့ လိုအပ်သလို ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို အပြင်မှာ လုပ်ဆောင်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ 

မဖြစ်မ‌‌နေ အပြင်ထွက်ဖို့ လိုအပ်ပါက သာမန် Mask တွေထက် အမှုန်အမွှားတွေကို ပိုမိုကာကွယ်ပေးနိုင်တဲ့ N95 Mask မျိုးကို တပ်ဆင်ပြီး အပြင်ကို ထွက်သင့်ပါတယ်။ 

မိမိတို့ရဲ့ ‌‌နေအိမ်အတွင်းမှာ လေသန့်စင်စက် (Air Purifier) ရှိရင် ဖွင့်ထားဖို့ကိုလည်း ဆရာဝန်တွေက အကြံပြု တိုက်တွန်းထားကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013