DVB Logo
Home
မြန်မာသတင်း
စစ်အစိုးရ၏ ဝင်ငွေရလုပ်ငန်းများကို သပိတ်မှောက်ရန် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ တိုက်တွန်း
DVB
·
February 5, 2021
စစ်အစိုးရ၏ ဝင်ငွေရလုပ်ငန်းများကို သပိတ်မှောက်ရန်  ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ တိုက်တွန်း
Donate to DVB

ဆန္ဒပြပွဲနဲ့ သပိတ်ပေါင်းစုံတို့ ပေါင်းစပ်ကာ လူထုလှုပ်ရှားမှုပေါက်ပေါက်လာဖို့ရှိပြီး    စစ်အစိုးရရဲ့ ဝင်ငွေရ  လုပ်ငန်းတွေကို သပိတ်မှောက်ဖို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက  ပြည်သူလူထုသို့ ပန်ကြားချက် ဒီကနေ့ ထုတ်ပြန် ပါတယ်။

“သပိတ်မှောက်တယ်ဆိုရာမှာ ဝန်ထမ်းတွေရဲ့ မနာခံအာခံ လှုပ်ရှားမှုများက အုပ်ချုပ်ရေး ယန္တယားကို နှေးကွေးရပ်တန့်ပြီး သုံးမရတော့မယ့် အခြေအထိ ဆိုက်ရောက်စေပါမည်။ နောက်တစ်မျိုးကတော့စစ်အာဏာရူးအုပ်စု ဝင်ငွေလမ်းကြောင်းကို ရိုက်ချိုးသည့် နည်းဖြစ်ပါသည်။ သူတို့ရဲ့ ဘီယာ၊ စီးကရက်၊ တယ်လီဖုန်း ဆင်းကတ်မှအစ ရုပ်သံလိုင်းအဆုံး အားလုံးကို မသုံးစွဲပဲ ရောင်းချတဲ့ ဆိုင်တွေကို သပိတ်မှောက် တာကလည်း အမှန်ထိရောက် ပါတယ်။” လို့ ပန်ကြားချက်မှာ ဖော်ပြပါတယ်။ 

စစ်အာဏာသိမ်းမှုကို တိုက်ဖျက်ဖို့ သပိတ်မှောက်ဆန္ဒပြ နည်းလမ်းပေါင်းစုံ လိုအပ်အပ်ကြောင်း နည်းလမ်းတွေ တခုနဲ့တခု ဟန်ချက်ညီဖို့ ပူးပေါင်းချိတ်ဆက် လှုပ်ရှားကြရပါမယ့် အပြင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားပေါင်းစု ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်လာလိမ့်မယ်၊ ဆန္ဒပြပွဲနဲ့ သပိတ်ပေါင်းစုံတို့ ပေါင်းစပ်ပါမယ်။ ဒါ့အပြင် အရပ်ထဲ ရွာထဲအထိ ပြန့်စေမယ့် လက်ကမ်းစာစောင် လှုပ်ရှားမှုက အစ တခြားသော လူထုလှုပ်ရှားမှု ပုံသဏ္ဍာန် အမျိုးစုံ ပေါ်လာစေဖို့ရှိတယ်လို့လည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက  ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို အာခံ ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ မြန်မာနိုင်ငံတဝန်း ပြည်သူလူထုတွေက စတစ်ကာ ကမ်းပိန်း၊ သံပုံးတီးကမ်ပိန်း၊ ဖဲကြိုးနီကမ်ပိန်း၊ လက်သုံးချောင်း ကမ်ပိန်း စတဲ့ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြသလို ဆန္ဒပြပွဲတွေနဲ့  စစ်အစိုးရ လက်အောက် အမှုမထမ်းလိုတဲ့ ဝန်ထမ်းတွေက နုတ်ထွက်နေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက လက်မခံ ကန့်ကွက် ရှုတ်ချနေကြပြီး ပြည်ပရောက်မြန်မာတွေကလည်း  သက်ဆိုင်ရာနိုင်ငံတွေမှာ ဆန္ဒပြ နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013