
စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီး ၁ ရက်အကြာ ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းမှာ ပုသိမ်မြို့က ဧရာဝတီလူငယ်ကွန်ရက်ရုံးမှာ အာဏာရှင်စနစ် ဆန့်ကျင်တဲ့ ကမ်ပန်းပြုလုပ်ခဲ့ပါတယ်။
ဧရာဝတီလူငယ်ကွန်ရက်အနေနဲ့ အာဏာရှင်စနစ်ဆန့်ကျင့်တဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဖရောင်းတိုင်မီးထွန်းပြီး ပြုလုပ်ခဲ့တာလည်း ဖြစ်တယ်လို့ ဧရာဝတီလူငယ်ကွန်ရက်တာဝန်ခံက ပြောပါတယ်။
"ခုလို ကမ်ပိန်းပြုလုပ်ရတာဟာ စစ်အာဏာရှင် မတရားသိမ်းပိုက်တာကို မခံချင်လို့ ကမ်ပိန်းပြုလုပ်ရတာပါ၊ အာဏာရှင်ဆိုရင် စစ်အာဏာရှင်မှ မဟုတ်ပဲ ဘယ်အာဏာရှင်ကိုမှ အလိုမရှိသလို အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ခုလိုငြိမ်းချမ်းစွာ ကမ်ပိန်းပြုလုပ်ရတာဖြစ်ပါတယ်''လို့ ဧရာဝတီလူငယ်ကွန်ရက်တာဝန်ခံ စိန်နန်းကြည်က ပြောပါတယ်။
ပြဿနာတွေအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းပြီးစေချင်ပြီး အာဏာရှင်ဆိုရင် စစ်အာဏာရှင်မှ မဟုတ်ဘဲ ဘယ်အာဏာရှင်ကိုမှ မကြိုက်သလို ခုလို မတရားလုပ်တာကိုလည်း လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
ဓာတ်ပုံ - ဧရာဝတီလူငယ်ကွန်ရက်










