DVB Logo
Home
မြန်မာသတင်း
စစ်အဏာသိမ်းမှု ဆန့်ကျင် ကမ်ပိန်းတွင် နာမည်ကြီး အနုပညာရှင်များပါဝင်
DVB
·
February 2, 2021
စစ်အဏာသိမ်းမှု ဆန့်ကျင် ကမ်ပိန်းတွင် နာမည်ကြီး အနုပညာရှင်များပါဝင်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကို လက်မခံနိုင်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဆန့်ကျင်တဲ့ ကမ်ပိန်းပြုလုပ်နေရာမှာ  အနုပညာရှင်တွေလည်း ပါဝင်နေကြပါတယ်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကတဆင့် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသားမျှဝေရတဲ့ ဒီကမ်ပိန်းမှာတော့ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင် မင်းသား ဒေါင်း၊ ဖွေးဖွေး၊ ပိုင်ဖြိုးသု၊မေမီကိုကို၊ အလှမယ် နန်းခင်ဇေယျာ၊ မြတ်သီရိလွင်၊ အဆိုတော် အနဂ္ဂ၊ ချမ်း မြေ့မောင်ချို၊ မယ်လိုဒီခေါင်၊ အလှဖန်တီးရှင် မထက် စတဲ့ နာမည်ကြီး အနုပညာရှင်တွေ ပါဝင်သလို သူတို့ရဲ့ ပရိသတ်တွေကပါ ပါဝင်လှုပ်ရှားနေကြတာကို တွေ့ရပါတယ်။

“ဒီကနေ့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကနေ အသစ်ဖွဲ့စည်းခန့်အပ် လိုက်တယ်ဆိုတဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို လုံးဝ လက်မခံပါဘူး။ ငါတို့တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ရာထူးမှ နုတ်ထွက်စေချင်တယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ထဲကနေပဲ အခြေခံဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း သွားရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းဆိုရင် တတိယအကြိမ်လွှတ်တော် ခေါ်ပြီးတော့ အစိုးရအဖွဲ့သစ်ဖွဲ့စည်းပြီးမှပဲ လက်ရှိနိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ရဲ့ ရာထူးသက်တမ်းဟာ ကုန်လွန်မှာဖြစ်ပါတယ်။ ငါတို့မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံတော် သမ္မတကြီးဟာ ဦးဝင်းမြင့်ပဲဖြစ်ပါတယ်။ သမ္မတကြီးဦးဝင်းမြင့်ရဲ့အမိန့်နဲ့မဟုတ်ဘဲနဲ့ အ ရေးပေါ်အခြေအနေကြေညာခြင်း၊ အာဏာလွှဲပြောင်းပေးခြင်းများဟာ လုံးဝ တရားမဝင်ပါဘူး။ ထပ်မံခန့်အပ်တဲ့အစိုးရအဖွဲ့ဆိုတာကို လုံးဝလက်မခံပါ။ လုံးဝသဘောမတူပါ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲက ရရှိတဲ့ မဲရလဒ်များအတိုင်း တတိယအကြိမ် လွှတ်တော်များ ကျင်းပပြုလုပ်ပေးပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းခန့်အပ်တာကိုပဲ လက်ခံပါမယ်။ ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ ခန့်အပ်တဲ့အစိုးရအဖွဲ့ဝင်တွေကို ဆန္ဒမဲပေးပိုင် ခွင့်ရှိတဲ့ နိုင်ငံသားပြည်သူတစ်ဦးအနေနဲ့ လုံးဝ လုံးဝလက်မခံ သဘောမတူပါဘူးလို့ ပြောချင်ပါတယ်”

ဒါ့အပြင် မန္တလေးမြို့ ဦးနှောက်နှင့်အာရုံကြောဌာနက ကျန်းမာရေးဝန်ထမ်းတချို့က စတစ်ကာ အနက်ရောင်ဖဲကြိုးများ တပ်ဆင်ပြီး Black Ribbon Campaign ကို ပြုလုပ်နေကြသလို စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ မပါဝင်လိုကြောင်း ထုတ်ဖော်ပြသတဲ့ လှုပ်ရှားမှုကိုလည်း ကျန်းမာရေးဝန်ထမ်းတွေက ဒီကနေ့ စတင်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013