
တပ်မတော်က ၁ နှစ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ ဖေ့စ်ဘွတ်ခ်သုံးသူတွေက သူတို့ Profile တွေကို အနက်ရောင်အမှတ်အသား ပြုလုပ်ပြသခဲ့ကြပါတယ်။
ဒါဟာ အာဏာသိမ်းတဲ့ လုပ်ရပ်ကို လက်မခံနိုင်တဲ့ သဘောဖြစ်ကြောင်း Black Campaign လှုပ်ရှားမှုမှာပါတဲ့ ပြည်သူတစ်ယောက်က ပြောပါတယ်။
သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် NLD ပါတီခေါင်းဆောင်တွေ၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကို ဒီနေ့မနက်အစောပိုင်း ဖမ်းဆီးထိန်းသိမ်းအပြီးမှာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ထိခိုက်ပျက်စီးစေမယ့် လုပ်ရပ်အားလုံးကို ဆန့်ကျင်ကန့်ကွက်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ ပြည်သူ့ပါတီက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့ လေးနက်စွာ တိုက်တွန်း လိုက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို လွှဲယူလိုက်ကြောင်း ဒီနေ့မနက်ပိုင်းမှာ မြဝတီရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။