DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံရမှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ဩစတြေးလျ ထုတ်ပြန်
DVB
·
February 1, 2021
ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံရမှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ဩစတြေးလျ ထုတ်ပြန်
Donate to DVB

မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဖမ်းဆီးထိန်းသိမ်းပြီး တကျော့ပြန်အာဏာသိမ်းတဲ့အပေါ် ဩစတြေးလျအစိုးရအနေနဲ့ အလွန်အမင်းစိုးရိမ်မကင်းဖြစ်ရကြောင်း သတင်းထုတ်ပြန်လိုက်ပါ တယ်။

    ဩစတြေးလျနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ ကာလရှည်ကြာ ထောက်ခံအားပေးခဲ့ကြောင်း၊ စစ်တပ်အနေနဲ့ တရားဉပဒေစိုးမိုးရေးကို လေးစားလိုက်နာဖို့၊ အငြင်းပွားမှုတွေအပေါ် တရားဉပဒေနဲ့အညီ ဖြေရှင်းဖို့နဲ့ ဉပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သားခေါင်းဆောင်အပါအဝင် တခြားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

    နောက်တချက်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်တွေနဲ့အညီ အမျိုးသားလွှတ်တော်ကို ငြိမ်းချမ်းစွာ ပြန်လည်ကျင်းပနိုင်ဖို့ ဩစတြေးလျနိုင်ငံအနေနဲ့ လေးလေးနက်နက် ထောက်ခံကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013