DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်မြို့ကို WHO အဆင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်တော့မည်
DVB
·
January 31, 2021
မော်လမြိုင်မြို့ကို WHO အဆင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်တော့မည်
Donate to DVB

အတ္တရံမြစ်ရေတင် စီမံကိန်း ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီးဖြစ်လို့ မကြာမီကာလအတွင်း မော်လမြိုင်မြို့ကို WHO အဆင့် သောက်သုံးရေတွေ ဖြန့်ဝေပေးနိုင်တော့မယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ မော်လမြိုင်မြို့ရဲ့ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်သန်း ၈,၅၀၀ ကျော်သုံးစွဲပြီး အတ္တရံမြစ်ရေတင် စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာပါ။

လက်ရှိမှာတော့ အတ္တရံမြစ်ရေတင်စီမံကိန်းဟာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်လို့ မြို့ပေါ် ရပ်ကွက်တချို့ကို သောက်သုံးရေတွေ စမ်းသပ် ဖြန့်ဝေပေးနေတယ်လို့ မွန်ပြည်နယ် စည်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။

အတ္တရံမြစ်ရေတင် စီမံကိန်း ပြီးစီးသွားပါက မော်လမြိုင်မြို့ပေါ်ရပ်ကွက် ၁၆ ရပ်ကွက်အထိ သန့်စင်တဲ့ သောက်သုံးရေတွေ ဖြန့်ဝေပေးနိုင်တော့မှာ ဖြစ်ပါတယ်

အတ္တရံမြစ်ရေတင် စီမံကိန်းက သောက်သုံးရေတွေဟာ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO စံနှုန်း သတ်မှတ်ချက်နဲ့အညီ ထုတ်လုပ်ထားတယ်လို့ ဦးတင်ကိုကို ဆိုပါတယ်။

အခုအခါမှာတော့ သန့်စင်တဲ့ သောက်သုံးရေတွေ ဖြန့်ဝေပေးနိုင်ဖို့ ရေပိုက်လိုင်းတွေကို ပြန်လည် အဆင့်မြှင့်တင်နေပြီး သန့်စင်တဲ့ သောက်သုံးရေ နွေရာသီမတိုင်မီ ဖြန့်ဝေပေးသွားဖို့ ရှိနေတယ်လို့ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ထွဋ် က ပြောပါတယ်။

မော်လမြိုင်မြို့ဟာ နေ့စဉ် ရေဂါလန် ၅၅ သိန်းလောက် သုံးစွဲနေပြီး ဒီရေတွေကိုတော့ ရွှေနတ်တောင်ဆည်၊ ကင်းမွန်ချုံဆည်နဲ့ အတ္တရံမြစ်ရေတင် စီမံကိန်းတွေကနေ ထုတ်လုပ်ပေးနေတာပါ။

အခုအခါမှာတော့ အတ္တရံမြစ်ရေတင် စီမံကိန်းကို ပြန်လည်အဆင့်မြှင့်တဲ့ လုပ်ငန်းတစ်ခုတည်းကနေ သန့်စင်တဲ့ သောက်သုံးရေ ဂါလန် ၄၃ သိန်းကို နေ့စဉ် ထုတ်လုပ်သွားဖို့ ရှိနေတာပါ။ 

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013