DVB Logo
Home
လူမှုရေး
မှော်ဘီ စာဖြူစုစခန်းရှိ စစ်ဘေးရှောင်အချို့ နေရပ်ပြန်
DVB
·
January 31, 2021
မှော်ဘီ စာဖြူစုစခန်းရှိ စစ်ဘေးရှောင်အချို့ နေရပ်ပြန်
1 / 5
Donate to DVB

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ ရန်ကုန် မှော်ဘီစာဖြူစုမှာ စစ်ဘေးရှောင်နေထိုင်ခဲ့သူအချို့ ဆက်နေဖို့ မြေနေရာနဲ့ အလုပ်အကိုင်အခက်အခဲတို့ကြောင့် နေရပ်ပြန်သွားကြတယ်လို့ ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ ပြောခွင့်ရ မမိုင်နန်းဝေက ပြောပါတယ်။

နေရပ်ပြန်စစ်ဘေးရှောင် မိသားစု ၅ စု၊ လူဦးရေ ၂၆ ဦးဖြစ်ပြီး ဇန်နဝါရီ ၃၀ ရက် ညနေက နေရပ်ပြန်သွားကြတာလို့ ဆိုပါတယ်။

သီးသန့်နေရပ်ပြန်ဖို့ အလှူခံပြီး စီစဉ်ပေးထားတာဖြစ်ပြီး စစ်ဘေးရှောင်တွေ ဇန်နဝါရီ ၁ ရက်နေ့ ပလက်ဝမြို့ရောက်ပါက ကွာရန်တင်းဝင်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ မမိုင်နန်းဝေက ပြောပါတယ်။

 “နေအိမ်ကိုတော့ ပြန်လို့မရဘူး။ ပြန်ရင်လည်း ပလက်ဝ စစ်ရှောင်စခန်းနှင့် ဆမီး စစ်ရှောင်စခန်းမှာပဲ နေလို့ရမှာ။ သူတို့ရွာတွေမှာ နေခွင့်မပေးသေးဘူး ခုထိကိုလေ။ တရားဝင် နေခွင့် မရသေးဘူးပေါ့။ ကိုယ့်ရပ်ရွာ ပြန်လို့တော့ မရသေးဘူး။ ရွာလုံးကျွတ် စစ်ဘေးရှောင်စခန်း ရောက်လာတာလည်း ရှိတာပေါ့နော်။ အခု သူတို့ ပြန်ရင်တောင်မှ ကျနော်တို့ စစ်ရှောင်စခန်းမှာ နေရာ ပြန်ပေးရမယ်။ အဲဒါတော့ ကျနော်တို့ ပြန်စီစဉ်ရမှာပေါ့နော်။” 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်တချို့ဟာ ၂၀၂၀ ပြည့်နှစ် မတ််တုန်းက ဖြစ်ပွားခဲ့ တိုက်ပွဲတွေကြောင့် ရန်ကုန်မြို့ကို အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၅၀ ဝန်းကျင် စစ်ဘေးရှောင်လာခဲ့ကြတာပါ။

တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ လူ့ဂုဏ်သိက္ခာ၊ အခြေခံလူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့အညီ နဂိုမူလ ပိုင်ဆိုင်ခဲ့တဲ့ နေရာတွေ၊ နေအိမ်တွေအတိုင်း ပြန်လည်ပိုင်ဆိုင်ခွင့်ရဖို့က အစိုးရဘက်က စီစဉ်ဆောင်ရွက်ပေးမှ အဆင်ပြေမှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ပေးစေလိုတယ်လို့ ချင်း စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီက ပြောပါတယ်။

သတင်း - Pra Jaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013