DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်ကို ကြိုဆိုသည့်အနေဖြင့် တောင်ကြီးတွင် အဖွဲ့စုံ စုပေါင်းအမှိုက်ကောက်
DVB
·
January 31, 2021
အစိုးရသစ်ကို ကြိုဆိုသည့်အနေဖြင့် တောင်ကြီးတွင် အဖွဲ့စုံ စုပေါင်းအမှိုက်ကောက်
1 / 3
Donate to DVB

အစိုးရသစ်ကို ကြိုဆိုတဲ့အနေနဲ့ တောင်ကြီးမြို့ ပရဟိတအဖွဲ့စုံနဲ့ ဌာနဆိုင်ရာ အင်အား ၇၀၀ ကျော်ဟာ ဇန်နဝါရီ ၃၁ ရက်နေ့က အဝေရာမီးပုံးပျံကွင်းမှာ စုပေါင်းအမှိုက်ကောက်ကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ကာလ အဝေရာမီးပုံးပျံကွင်းမှာ ပြည်သူတွေ အားကစား လာလုပ်ကြပြီး နေ့စဉ်စည်ကားကာ အမှိုက်တွေလည်း ရှုပ်ပွနေတာကြောင့် လုပ်ဖြစ်တာလို့ ရှမ်းပြည်နယ် စားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့ဝင် ကိုသူရစောသိန်းက ပြောပါတယ်။

တောင်ကြီးမြို့မှာ စည်ကမ်းမဲ့ အမှိုက်ပစ်သူတွေနဲ့ အမှိုက်သိမ်းစနစ် အားနည်းနေလို့ အခုလို အမှိုက်တွေ ရှုပ်ပွရတာလို့ ဒေသခံ ဦးသောင်းလှိုင်က ပြောပါတယ်။

ဒါ့အပြင် အမှိုက်ကောက်ကမ်ပိန်းကို လူအရမ်းများပြီး လူစုလူဝေးတွေ ဖြစ်မှာစိုးရတဲ့အတွက် အစိုးရအဖွဲ့ ဝန်ကြီးတွေ လာရောက်ပါဝင်ခဲ့တယ်လို့ ရှမ်းပြည်နယ် လျှပ်စစ် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှန်တစ်လုံက ပြောပါတယ်။

အမှိုက်ကောက် ကမ်ပိန်းကို ရှမ်းပြည်နယ် စီမံစီးပွားနဲ့ ဘဏ္ဍာရေး ဝန်ကြီး၊ လျှပ်စစ်စွမ်းအင်ဝန်ကြီးနဲ တောင်ကြီးမြို့နယ်က ပရဟိတအဖွဲ့၊ စားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့၊ ကိုဗစ်ကော်မတီ စတဲ့အဖွဲ့ပေါင်း ၃၀ ကျော် အင်အား ၇၀၀ ကျော်က စုပေါင်းပြုလုပ်တာပါ။

တောင်ကြီးမြို့မှာ ဒီလို စုပေါင်းအမှိုက်ကောက် ကမ်ပိန်းအား ပြီးခဲ့တဲ့ ၂၀၁၅ အစိုးရသစ်ကို ကြိုဆိုတဲ့အနေနဲ့လည်း ပြုလုပ်ခဲ့ပါတယ်။

သတင်း - ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013