DVB Logo
Home
မြန်မာသတင်း
လဟယ်မြို့နယ်တွင် တောမီးကြောင့် ၄ ဦး သေဆုံး
DVB
·
January 31, 2021
လဟယ်မြို့နယ်တွင် တောမီးကြောင့် ၄ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ တောမီးလောင်ကျွမ်းမှုကြောင့် အိန္ဒိယနယ်စပ်ကနေ ဆန်ဝယ်ပြန်လာသူ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက လဟယ်မြို့နယ် ကားရော်နောက်ညူကျေးရွာနဲ့ ထန်ခေါ်နောက်ကုန်း ကျေးရွာကြားမှာ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးဖို့ ဒေသခံတွေစုပေါင်းပြီး တောမီးရှို့ရာမှာ အဲ့ဒီနေရာရောက်နေတဲ့ အိန္ဒိနယ်စပ်ကနေ ဆန်ဝယ်ပြန်လာသူ ၄ ဦးဟာ မီးအားများချိန်မှာ ထွက်ပြေးပေမယ့် မလွတ်မြောက်ဘဲ မီးလောင်သေဆုံးခဲ့တာလို့ သိရပါတယ်။

လဟယ်မြို့နယ်မီးသတ် ဦးစီးမှုး ဦးစိုးပိုင်က ဒေသဓလေ့အရ စိုက်ပျိုးဖို့ရာ တောင်ယာစုပေါင်းပြီးတော့ တောမီးရှို့ကြတာ။ မီးရှို့ကြတဲ့အချိန်မှာ နယ်စပ်ကို ဆန်သွားဝယ်တဲ့ ၄ ဦးက ပြန်လာတာ။ သူတို့အနေနဲ့ စုပေါင်းတောင်ယာမီးရှို့တာကို မသိထားဘူး။ ပြန်ရောက်ချိန်မှာ တောမီးတွေဝိုင်းပြီးတော့ ထွက်ပြေးမရဘဲ အသက်ဆုံးရှုံးတာပေါ့။ သေဆုံးတာက အမျိုးသမီးက ၃ ဦးနဲ့ အမျိုးသား ၁ ဦးပါ လို့ ပြောပါတယ်။

တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၄ ဦးရဲ့အလောင်းကိုတော့ မနေ့က သူတို့နေထိုင်တဲ့ ထန်ခေါ်လန်မကျေးရွာကို သယ်သွားပြီလို့ သိရပါတယ်။

မီးလောင်ရာနေရာကို လဟယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တို့က သွားရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းပြီး လူသေဆုံးမှုနဲ့ပတ်သက်လို့ လဟယ်မြို့မရဲစခန်းကနေ အရေးယူဆောင်ရွက်ဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013