DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ရာနှုန်းပြည့်နှင့် မန္တလေးတိုင်းက ၇၅ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ပေးနိုင်တော့မည်
DVB
·
January 30, 2021
ရန်ကုန်တိုင်း ရာနှုန်းပြည့်နှင့် မန္တလေးတိုင်းက ၇၅ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ပေးနိုင်တော့မည်
Donate to DVB

လာမယ့် ၂ လအတွင်း ရန်ကုန်တိုင်းရဲ့ ရာနှုန်းပြည့်၊ မန္တလေးတိုင်းရဲ့ ၇၅ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်တော့မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။

မနေ့ကလုပ်တဲ့ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (NREC) ရဲ့ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးက ပြောခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ Renewable Energy ဆိုင်ရာ မျှော်မှန်းချက်တွေကို ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတကာရဲ့ Ren-ewable Energy နဲ့ Climate Change ဆိုင်ရာမူဝါဒတွေကို လိုက်နာဆောင်ရွက်ခဲ့တာလို့လည်း ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံရဲ့ ၅၈ ရာခိုင်နှုန်းကျော် လျှပ်စစ်ဓာတ်အားရနေပြီဖြစ်လို့ ရည်မှန်းချက်ထက် ကျော်နေပြီလို့လည်း သူက ပြောပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ Renewable Energy ဖြစ်တဲ့ Solar Power Plant စီမံကိန်းတွေကို နေရာ ၂၉ ခုမှာ စုစုပေါင်း တပ်ဆင်အင်အား ၁၀၃၀ မဂ္ဂါဝပ်နဲ့ စတင် အကောင်အထည်ဖော်နေပြီး အခုနှစ်လယ်ပိုင်းမှာ ဓာတ်အားစတင်ထုတ်လုပ်နိုင်ဖို့ စီမံထားတယ်လို့လည်း ပြောပါတယ်။

ဒါတွေပြီးသွားရင် မြန်မာနိုင်ငံရဲ့ Generation Mix မှာ ရေအား ၄၀  ရာခိုင်နှုန်း၊  နေစွမ်းအင် ၁၄ ရာခိုင်နှုန်း၊ ပြည်တွင်းကထွက်တဲ့ သဘာဝဓာတ်ငွေ့ ၃ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့အရည် (LNG) ၁၁ ရာခိုင်နှုန်းနဲ့ တခြား ၁ ရာခိုင်နှုန်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

စုစုပေါင်း စက်တပ်ဆင်အင်အား ၈၁၁၈ မဂ္ဂါဝပ်ဖြစ်လာမယ့်အချိန်မှာ ပြန်ပြည့်မြဲစွမ်းအင်ကနေ ၅၄ ရာခိုင်နှုန်း၊ သန့်ရှင်းတဲ့လောင်စာ (Clean Fuel) ကနေ ၄၅     ရာခိုင်နှုန်းအချိုးနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး Solar  Power  Plant (40 MW) ကို မင်းဘူးမှာ ၂၀၁၉ ခုနှစ် ဇွန်   ၂၇ ရက်မှာ စဖွင့်ခဲ့ပြီး မာန်အောင်ကျွန်း Solar Power Plant (0.5 MW) ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ  ၁၉ ရက်မှာ ဖွင့်ခဲ့ပြီး ကိုကိုးကျွန်း Solar Power Plant (0.5 MW) က ဓာတ်အားကိုလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်ကစပြီး ၂၄ နာရီ ဖြန့်ဖြူးပေးနေပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013