DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကိစ္စ ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းကြရန် ဘာသာပေါင်းစုံအဖွဲ့ကြီးက မေတ္တာရပ်ခံ
DVB
·
January 30, 2021
ရွေးကောက်ပွဲကိစ္စ ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းကြရန် ဘာသာပေါင်းစုံအဖွဲ့ကြီးက မေတ္တာရပ်ခံ
1 / 3
Donate to DVB

ရွေးကောက်ပွဲကို အကြောင်းပြုပြီး လက်ရှိဖြစ်နေတဲ့ကိစ္စတွေမှာ ဆန္ဒကို မငြင်းခုံကြဘဲ ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းကြဖို့ ဘာသာပေါင်းစုံအဖွဲ့ကြီးက မေတ္တာရပ်ခံပြီး ကေအန်ယူကလည်း အရေးပေါ်အစည်းအဝေးတခု ခေါ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးဗဟိုအဖွဲ့က ဒီအချိန်ကာလဟာ မြန်မာနိုင်ငံတဝန်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ပြည်သူအပေါင်း ရင်ဆိုင် ခံစားနေရကြရပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတာတွေမှာ အခက်အခဲတွေ အများကြီး ခံစားနေရတဲ့ အချိန်ဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။ 

ဒီလိုအခြေအနေမှာ ၂၀၂၀ ရွေးကောက်ပွဲကို အကြောင်းပြုပြီး နိုင်ငံတော်မှာ ဖြစ်ပျက်နေတဲ့ သတင်းတွေအရ ရဟန်းရှင်လူ ပြည်သူတွေက စိုးရိမ်ကြောင့်ကြ နှလုံးစိတ်ဝမ်း မအေးချမ်းဘဲ ရှိနေတာကို ကြားသိရတယ်လို့လည်းဆိုပါတယ်။

ဒါကြောင့် ဘာသာပေါင်းစုံက တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအနေနဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာဝပြောရေးကို ရှေးရှုပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စအရပ်ရပ်ကို မိမိတို့ရဲ့ ဆန္ဒကို ငြင်းခုံမှုမပြုဘဲ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းတွေနဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းအဖြေရှာဆောင်ရွက်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ကလည်း လက်ရှိအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ပေါ်ထွန်းလာစေဖို့ သက်ဆိုင်ရာ အစုအဖွဲ့တွေ အားလုံးပါဝင်မယ့် မျက်နှာစုံညီ ညှိနှိုင်းနိုင်တဲ့ အရေးပေါ်အစည်းအဝေးတခု အမြန်ဆုံးခေါ်ယူဖို့ တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲတိုင်းရဲ့ အနိုင်၊ အရှုံး ရလဒ်နဲ့ တရားမျှတမှုကို တောင်းဆိုကြတာဟာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး လက်ရှိဖြစ်နေတဲ့ အငြင်းပွားမှုတွေကို သက်ဆိုင်ရာ အစုအဖွဲ့တွေက ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုတို့ကို အခြေခံပြီး ဆင်ခြင်တုံတရားနဲ့ ညှိနှိုင်းဖြေရှင်းစေလိုတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီအနှစ်သာရကို မပျက်ပြယ်စေဘဲ အပြန်အလှန် လေးစားအသိအမှတ်ပြုတာကို အခြေခံဖို့ လိုတယ် လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံဟာ သာမန်နိုင်ငံရေးပြဿနာတွေနဲ့ နိုင်ငံရေးအကြပ်အတည်းတွေရဲ့ သမားရိုးကျ စိန်ခေါ်မှုကိုပဲ ကြုံနေရတာမဟုတ်ဘူးလို့ သူတို့က ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးကလည်း မြန်မာနိုင်ငံသားတွေရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် ဘယ်အပြုအမူမျိုးကိုမှ မလုပ်ကြဖို့ တာဝန်ရှိသူတွေကို ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ 

ဘယ် မကျေနပ်ချက်နဲ့ အငြင်းပွားတာကိုမဆို တည်ဆဲဥပဒေကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုနဲ့ ပဲ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းသင့်တယ်လို့ ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013