DVB Logo
Home
မြန်မာသတင်း
ပိတ်လှောင်ကျွန်ပြုခိုင်းစေခံနေရသည့် မြန်မာလုပ်သားများကို မြန်မာသံရုံးနှင့် ထိုင်း DSI ကယ်ထုတ်
DVB
·
January 29, 2021
ပိတ်လှောင်ကျွန်ပြုခိုင်းစေခံနေရသည့် မြန်မာလုပ်သားများကို မြန်မာသံရုံးနှင့် ထိုင်း DSI ကယ်ထုတ်
Donate to DVB

မြန်မာအလုပ်သမားတွေကို ပိတ်လှောင်ထားပြီး ကျွန်လိုစေခိုင်းနေတဲ့ ဘန်ကောက်မြို့လည်ရှိ အလုပ်ရုံတစ်ရုံကို မြန်မာသံရုံးနဲ့ ထိုင်းအထူးမှုခင်း စုံစမ်း စစ်ဆေးရေးတပ်ဖွဲ့ ( DSI) တို့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၇ ရက်နေ့က သွားရောက်စီးနင်းကာ မြန်မာလုပ်သားတွေကို ကယ်ထုတ်ခဲ့ကြပါတယ်။ 

လတ်ဖရောက်နယ်မြေ လတ်ဖရောက်လမ်းသွယ် ၆ အိမ်အမှတ် ၅၉/၁၈ ရှိ  ဂျယ်လီမုန့်လုပ်ငန်းဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို ဘယ်မှသွားခွင့်မပြုဘဲ ပိတ်လှောင်ထားပြီး နေ့စဉ် မနက် ၇ နာရီကနေ  ညသန်းခေါင်အချိန်အထိ စေခိုင်းနေကြောင်း မြန်မာသံရုံးက တိုင်ကြားခဲ့တဲ့အတွက် စုံစမ်းထောက်လှမ်းပြီး ဇန်နဝါရီ ၂၇ ရက်နေ့က အဆိုပါအလုပ်ရုံကို သွားရောက်စီးနင်းခဲ့တာလို့ ထိုင်းနိုင်ငံအထူးမှုခင်း စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဆူဖတ်ထမ်မနာရတ်က ပြောပါတယ်။ 

တာဝန်ရှိသူတွေ အဆိုပါအလုပ်ရုံကို ရောက်သွားချိန်မှာ အလုပ်ရုံဟာ ခြံဝင်းတစ်ဝင်းထဲက  ၃ ထပ်တိုက်ဖြစ်ပြီး သံနဲ့လုပ်ထားတဲ့ခြံဝင်းတံခါးကြီးကို အပြင်ကနေသော့ခတ်ထားတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက အော်ခေါ်ပေမယ့် တော်တော်နဲ့မထူးဘဲ တံခါးလည်း လာမဖွင့်ပေးကြောင်း၊  ခဏအကြာ မြန်မာအလုပ်သမား ၄ ယောက်က ၃ ထပ်တိုက်ပေါ်ကနေ ခြံဝင်းတံတိုင်းပေါ်ခုံဆင်းကာ တံတိုင်းကိုခွပြီး အပြင်ဘက်ကို ဆင်းလာရတယ်လို့ ဆိုပါတယ်။ 

သူတို့တွေဟာ အလုပ်ကို မနက် ၇ နာရီကနေ ည ၁၂ နာရီထိ လုပ်ရပြီး အလုပ်ရှင်က အပြင်ကိုမပေးထွက်ကြောင်း အထဲမှာလည်း နောက်ထပ်အလုပ်သမား ၁၂ ယောက်ကျန်သေး တယ်လို့ ပြောပါတယ်။

နောက်ပိုင်မှာအလုပ်ရှင်က တံခါးလာဖွင့်ကာ တာဝန်ရှိသူတွေကို အထဲဝင်ခွင့်ပြုခဲ့ကြောင်း၊ အဆိုပါ အလုပ်ရုံထဲမှာ နောက်ထပ် ၁၈ ဦး ပိတ်လှောင်ခံထားရတာတွေ့ရပြီး အဲဒီထဲမှာ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်ရွယ် ကလေးလုပ်သား ၂ ဦးပါ ပါဝင်တယ်လို့ ဆိုပါတယ်။ 

အခုလို အလုပ်သမားတွေကို ပိတ်လှောင်ကာ မတရားစေခိုင်းနေတာနဲ့ ပတ်သက်ပြီး အသက် ၂၂ နှစ်ရွယ်ရှိ နန်းဆောင်လတ်စမွန်း ဝိဘွန်းလတ်စနာ့ကွန်း ဆိုသူကို လိုအပ်သလို စစ်ဆေး အရေးယူဖို့ ချုတ်ချိုင်းနယ်မြေရဲစခန်းကို ခေါ်ဆောင်ထားတယ်လို့ အထူးမှုခင်းတာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောသွားပါတယ်။ 

Source: https://www.nationtv.tv/main/content/378814394

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013