DVB Logo
Home
မြန်မာသတင်း
ကာကွယ်ဆေးထိုးပြီးပါက စီးပွားရေး ပြန်လည်ဦးမော့လာအောင် လုပ်မည်ဟု ဒေါက်တာဇော်မြင့်မောင် ပြော
DVB
·
January 29, 2021
ကာကွယ်ဆေးထိုးပြီးပါက စီးပွားရေး ပြန်လည်ဦးမော့လာအောင် လုပ်မည်ဟု ဒေါက်တာဇော်မြင့်မောင် ပြော
Donate to DVB

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေပြီးစီးပါက ရောဂါကူးစက်နှုန်း အပေါ်မူတည်ကာ stay at home မြို့နယ်တွေကို ပယ်ဖျက်ပေးမှာဖြစ်ပြီး  နိုင်ငံရဲ့ စီးပွားရေးကို ပြန်ကောင်းအောင်လုပ်မယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က "ကျနော်တို့က ကာကွယ်ဆေးထိုးပြီးတာနဲ့ တပြိုင်နက် transmission rate ဘယ်လောက်ရှိလဲဆိုတာကို ကျနော်တို့ စဉ်းစားမှာ၊ စဉ်းစားပြီး လို့ရှိရင် ကျနော်တို့က ဘာလဲဆိုလို့ရှိရင် stay at homeမြို့နယ် တချို့ကို ပယ်သင့်တာ ပယ်ရမယ်။ ပြီးရင်တော့ စီးပွားရေးပြန်ဦးမော့လာအောင် ကျနော်တို့ အဲ့ဒါစဉ်းစားမှာ၊ မဟုတ်ဘူးလား။ အဲ့တော့ ပို့ဆောင်ဆက်သွယ်ရေးဆိုတာ ခုလည်း ကုန်စည်စီးဆင်းမှု ချောအောင်လုပ်နေတယ်။ ဒါပေမဲ့ ခရီးသွားတွေ လွတ်လွတ်လပ်လပ် သွားဖို့ဆိုရင် ကာကွယ်ဆေးလက်မှတ်တွေ ပါရမယ်။ ကူးစက်မှု transmission rate တွေ ကျပြီ ဆိုလို့ရှိရင်တော့ စီးပွားရေးပြန်လည် ဦးမော့လာအောင် လုပ်ရုံပဲ ရှိတာပေါ့၊"လို့ ပြောပါတယ်။

ကာကွယ်ဆေးထိုးပြီးပါက  တားမြစ်ထားတဲ့ ခရီးသွားလာမှုတွေကိုလည်း ပြန်လည်လည်ပတ် သွားလာနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းအတွင်း ကုန်စည် စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေတဲ့ ကုန်တင်ယာဉ်တွေနဲ့ သာမန် အိမ်စီးကားတွေက လွဲရင် ကျန်တဲ့ တိုင်းတဲ့ပြည်နယ်တွေကနေ ဖြတ်သန်းသွားလာမယ့် ခရီးသွားလာရေး ယာဉ်အားလုံးကို ဝင်ထွက်သွားလာခွင့်ကို ဧပြီလက တည်းက ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ကူးစက်မှုကို ဟန့်တားဖို့အတွက် ဈေးကြီးတွေနဲ့ ဈေးဆိုင်တွေကို ယာယီပိတ်ပင်တာတွေ၊ ဟိုတယ်နဲ့ တည်းခိုစရာတွေကို ယာယီပိတ်ပင်တာ၊ ခရီးသွားလာခွင့်တွေ တားမြစ်တာ၊လူစုလူဝေးနဲ့ကျင်းပမယ့် အခမ်းအနားတွေကို တားမြစ်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဇန်နဝါရီ ၂၇ ရက် အထိ တစ်နှစ်နီးပါးကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၆၉၂၃ ယောက်ရှိပြီး  ၄၄၁ ယောက် အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။

သတင်း - ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013