
ကမ္ဘာ့အပူချိန်ဟာ လာမဲ့ ၅ နှစ်အတွင်း စံချိန်တင်ပူဖို့ နီးကပ်လာတယ်လို့ ကုလသမဂ္ဂရာသီဥတု အေဂျင်စီနဲ့ ဗြိတိန်မိုးလေဝသဌာနတို့က မေ ၂၈ ရက်မှာ ပြောပါတယ်။
နှစ်ပတ်လည်အစီရင်ခံစာမှာ လာမဲ့ ၅ နှစ်အတွက် ဒေသအလိုက် အပူချိန်နဲ့ မိုးရေချိန်တို့ကို ခန့်မှန်းဖော်ပြတာဖြစ်ဖြစ်ပြီး ခန့်မှန်းချက်တွေအရ စက်မှုခေတ်မတိုင်မီက အပူချိန်ထက် ၁ ဒသမ ၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ ၁ ဒသမ ၉ ဒီဂရီဆဲလ်စီးယက်စ်အထိ အပူချိန်တိုးလာမယ်လို့ သိရပါတယ်။
၂၀၁၅ ပါရီ သဘောတူညီမှုမှာ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအပူချိန်ကို ကာကွယ်ဖို့ သဘောတူခဲ့ကြတာပါ။
၂၀၀၆ နဲ့ ၂၀၃၀ ခုနှစ်တို့ကြား အပူချိန်ဟာ အပူဆုံးနှစ်ဖြစ်ခဲ့တဲ့ ၂၀၂၄ ခုနှစ်က စံချိန်ထက်ကျော်လွန် မယ်လို့ ခန့်မှန်းထားပါတယ်။
ဒါဟာ စက်မှုခေတ် မတိုင်မီကထက် အပူချိန် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယက်စ်ကို ကျော်လွန်တဲ့ ပထမဆုံးအကြိမ် ဖြစ်လာမှာပါ။
အပူချိန်ယာယီကျော်ဖြတ်တာက ပါရီသဘောတူညီမှု မအောင်မြင်တာကို ပြသနေတာလို့ ဆိုပါတယ်။
ဒီခန့်မှန်းချက်ဟာ နှစ် ၁ နှစ်ချင်း ခန့်မှန်းတာထက် ကာလရှည်ခန့်မှန်းမှုလို့ ဆိုကာ ၁၀ စုနှစ်အလိုက် ခန့်မှန်းတာ ဖြစ်ပါတယ်။
မြောက်ကမ္ဘာခြမ်းရှိ အာတိတ်ဆောင်းရာသီအပူချိန်က လာမဲ့ ၅ နှစ်အတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် ပိုများကာ ၁၉၉၁-၂၀၂၀ ခုနှစ်အထိ အခြေခံသတ်မှတ်ထားတဲ့ သတ်မှတ်ချက်ထက် ၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယက်စ်အထိ ရောက်လာမှာပါ။
ဒီနှစ်မှာ အားကောင်းတဲ့ အယ်လ်နီညိုရာသီဥတုဟာ ဆောင်းရာသီမှာလည်း ဆက်ရှိနေမယ်လို့ ခန့်မှန်းထားပြီး ၂၀၂၇ ခုနှစ်အထိ ဆက်ဖြစ်နေမယ်လို့ ဆိုပါတယ်။
ကမ္ဘာ့အပူချိန်ဟာ ပစိဖစ်သမုဒ္ဒရာမှာလည်း စံချိန်တင် မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters










