DVB Logo
Home
Lead Story
ကိုဗစ်-၁၉ အရေး သရုပ်ဆောင် ဒေါင်း၊ အလှမယ် နှင်းသွေးယုအောင်တို့နှင့် ထိုင်း PBS အင်တာဗျုး (ရုပ်သံ)(ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
January 28, 2021
ကိုဗစ်-၁၉ အရေး သရုပ်ဆောင် ဒေါင်း၊ အလှမယ် နှင်းသွေးယုအောင်တို့နှင့် ထိုင်း PBS အင်တာဗျုး (ရုပ်သံ)(ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
Donate to DVB

မြန်မာနိုင်ငံက ထိပ်တန်းသရုပ်ဆောင်မင်းသားတလက်ဖြစ်တဲ့ ဒေါင်းနဲ့ မယ်စကြ ဝဠာအလှမယ် နှင်းသွေးယုအောင်တို့ကို ထိုင်းနိုင်ငံ PBS ရုပ်သံလိုင်းကနေ လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ အရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

သူတို့ ၂ ယောက်လုံးဟာ ထိုင်းနိုင်ငံမှာ "From Chaophraya to Ayeyarwaddy"-“ကျောက်ဖယားမှ ဧရာဝတီသို့”ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ရောက်ရှိနေတာဖြစ်ကာ ဇာတ် လမ်းထဲမှာတော့ ထိုင်းနဲ့ မြန်မာအနုပညာရှင်တွေ တွဲဖက် သရုပ်ဆောင်သွားကြမှာ ဖြစ် တယ်လို့ သိရပါတယ်။

ဒီကားကိုတော့ “From Bangkok to Mandalay”-“ဘန်ကောက်မှမန္တလေးသို့” ၊ မြန်မာမှာ ရုံတင်ပြသခဲ့ပြီး ရုံတင်ဝင်ငွေစံချိန်တင်ရရှိခဲ့တဲ့ “The Only Mom”-“လိပ်ပြာစံ အိမ်” ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ထိုင်းရုပ်ရှင်ဒါရိုက်တာ Chartchai Ketnust က ရိုက် ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။

ထိုင်း PBS ရုပ်သံနဲ့ အင်တာဗျူးမှာတော့ သူတို့ကို လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့နေမှု အခြေအနေအပေါ် မေးမြန်းခဲ့တာကို တွေ့ရပါတယ်။

မြန်မာလူမျိုးတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာနဲ့ ပတ်သက်ပြီး နိုးနိုးကြား ကြား ဖြစ်လာဖို့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ခဲ့တာ ရှိသလဲဆိုတဲ့ မေးခွန်း ကိုတော့ နှင်းသွေးယုအောင်က သူ့အနေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်ကတဆင့် သူ့ရဲ့ နေ့စဉ်ဖြတ် သန်းမှုတွေကို မျှဝေပေးဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်စတေးဟုမ်းကာလမှာ လူမှုပတ်ဝန်းကျင်နဲ့ ထိတွေ့မှု မရှိရတဲ့အခါ Depression ဝင်လာတာတွေရှိပြီး ဒီလိုအခြေအနေကို ဖြတ်သန်းရတဲ့အခါ စိတ်ဓာတ် ကျတဲ့အခါ စိတ်ဓာတ်မကျအောင် စာဖတ်တာမျိုးတွေ၊ စိတ်ခွန်အားမြှင့်တင်တဲ့အနေနဲ့ တ ရားတော်နာတာမျိုးတွေ လုပ်ဖြစ်တာတွေကို ပရိသတ်တွေ၊ အနီးနားက သူငယ်ချင်းတွေ၊ မိဘဆွေမျိုးသားချင်းတွေ မျှဝေပေးဖြစ်တယ်လို့ ပြောပါတယ်။

ဒေါင်းကိုတော့ ပရိသတ်တွေကို စာဖတ်ပြတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ ကာ ဒါဟာ ကိုဗစ်ကာကွယ်ရေးနဲ့ ပတ်သက်မှုရှိသလားလို့ မေးမြန်းခဲ့တာပါ။

“အဓိကက ကျနော်တို့ ပထမလှိုင်းဖြစ်တဲ့အချိန်မှာ အဲဒီအစီအစဉ်ကို စဖြစ်ခဲ့တာပါ။ ဘာလို့လုပ်ဖြစ်တာလဲဆိုတော့ ကျနော်အိမ်မှာ နေတဲ့အချိန်မှာ စာဖတ်ဖြစ်တယ်။ အဲဒီစာ ဖတ်နေတုန်းမှာ အတွေးတခုဝင်လာတယ်။ ငါဒီမှာ အေးအေးဆေးဆေး စာထိုင်ဖတ်နေသ လိုမျိုး ကျန်းမာရေးဝန်ထမ်းတွေ၊ ကွာရန်တင်းဝင်နေရတဲ့သူတွေ စာဖတ်နိုင်ပါ့မလားဆို တာကို တွေးမိသွားတယ်။ တွေးမိသွားတဲ့အချိန်မှာပဲ အဲဒီအစီအစဉ်ကို လုပ်ဖြစ်သွား တယ်။ မမျှော်လင့်ထားတဲ့ အရာတခုက ကမ္ဘာကြီးကို ရောက်လာတဲ့အချိန်မှာ ကျနော်လူ တယောက်အနေနဲ့ နောက်ထပ် ဘယ်လိုပုံစံအသစ်နဲ့ ဖြတ်သန်းလို့ရမလဲဆိုတဲ့အရာကို ကျနော်တို့တွေက တယောက်ချင်းစီတိုင်းမှာ အတွေးတွေ ရှိကြမယ်၊ စဉ်းစားမိကြမယ်။ အားလုံးလည်း ခုချိန်မှာ အသားကျနေပြီလို့ မျှော်လင့်ပါတယ်”

အရင်က ဘောလုံးသမားဟောင်းတယောက် ဖြစ်ခဲ့ပြီး သရုပ်ဆောင်လောကထဲ ရောက်ရှိလာခဲ့တဲ့ ဒေါင်းဟာ ထိုင်းဒါရိုက်တာ ရိုက်ကူးပြီး နိုင်းနိုင်း၊ ဝတ်မှုန်ရွှေရည်တို့နဲ့ အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ကားနဲ့ တဟုန်ထိုးနာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။

သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုနဲ့ အတူတွဲသရုပ်ဆောင်ခဲ့ပြီး အခုနှစ်ထဲ ရုံတင်ပြသခဲ့တဲ့ မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ရုပ်ရှင်ကားဟာလည်း ပရိသတ်တွေ လက်ခံအားပေးကြတဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။

သရုပ်ဆောင်မင်းသား ဒေါင်းဟာ ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွ ကြွ ပါဝင်လေ့ရှိသူတဦးဖြစ်ကာ လတ်တလော ကိုဗစ်ကာလမှာတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် ပရိသတ်တွေကို စိတ်ခွန်အားပေး စာဖတ်ပြ တာတွေကို ပုံမှန်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ဧပြီလလယ်လောက်ကတည်းက စတင်ကာ တပတ်ကို နှစ်ကြိမ်သုံးကြိမ်လောက် နာမည်ကျော် စာရေးဆရာ၊ ဆရာမကြီးတွေရဲ့ ဝတ္ထု၊ ကဗျာ စတာတွေကို အွန်လိုင်းကနေ ပုံမှန် တိုက်ရိုက်လွှင့်ဖတ်ပြနေခဲ့တာ ဖြစ်ပါတယ်။

နှင်းသွေးယုအောင်ကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မယ်စကြဝဠာမြန်မာအလှမယ် ပြိုင်ပွဲမှာ ပဲခူးမြို့ကိုယ်စားပြုအနေနဲ့ အဆင့်ဆင့်ယှဉ်ပြိုင်ပြီး မယ်စကြဝဠာမြန်မာ သရ ဖူဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေနဲ့အတူ ဆက် လက်လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

ထိုင်း PBS ရုပ်သံနဲ့ အင်တာဗျူးမှာတော့ မြန်မာနိုင်ငံမှာ ကူးစက်ပျံ့နှံ့မှု မြင့်တက် နေတဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေတွေနဲ့အတူ နှစ်နိုင်ငံထိစပ်မှုနဲ့ နယ်စပ်လမ်းကြောင်း ကတဆင့် ဝင်ရောက်ကူးစက်ပျံ့နှံ့တဲ့ အခြေအနေတွေနဲ့အတူ ယှဉ်တွဲဖော်ပြထားခဲ့ပြီး ရောဂါကာကွယ်ထိန်းချုပ်မှုအပေါ် နှစ်ဘက်အစိုးရနဲ့ ပြည်သူတွေ လုပ်ဆောင်သင့်တာ၊ လုပ်ဆောင်နိုင်တာတွေစတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒေါင်းနဲ့ နှင်းသွေးယု အောင်တို့ရဲ့ အမြင်တွေ၊ ဆွေးနွေးမှု တွေကိုတော့ အောက်ဖော်ပြပါ ရုပ်သံလင့်ခ်မှာ ဝင် ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013