DVB Logo
Home
ဆောင်းပါး
Covishield ကာကွယ်ဆေးနဲ့ အရက်သောက်သုံးခြင်း
DVB
·
January 28, 2021
Covishield ကာကွယ်ဆေးနဲ့ အရက်သောက်သုံးခြင်း
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ခဲ့တာ တစ်နှစ်နီးပါးကာလရှိလာပြီဖြစ်ပြီး ဒီကနေ့မှာတော့ ကကွယ်ဆး ထိုးနှံမှုတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထိုးနှံတဲ့ ကာကွယ်ဆေး အမျိုးအစားက  အိန္ဒိယနိုင်ငံ Serum instituteက ထုတ်တဲ့ Covishield ကာကွယ်ဆေးပါ။ အောက်ဖို့ဒ်က AstreZenecaအတိုင်း ထုတ်ထားတဲ့ ကာကွယ်ဆေးပါ။

ဒီကာကွယ်ဆေးကို ထိုးနှံတဲ့အခါ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ ကာကွယ်ဆေးလိုပဲ အရက်ရှောင်ဖို့ လိုမလားဆိုတာကို ဆောင်းပါးလေးမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။

ရုရှား ကာကွယ်ဆေးထိုးရင် ဘာကြောင့် အရက်ရှောင်ဖို့ လိုတာလဲ။

ရုရှားနိုင်ငံ Gamaleya Research Institute of Epidemiology and Microbiology က စမ်းသပ်ထုတ်လုပ်ထားတဲ့ Sputnik V ကိုဗစ်ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်vectorကနေ ထုတ်လုပ်ထားတာဖြစ်ပီး အဆိုပါ ကာကွယ်ဆေးကို ထိုးနှံပြီးသူတိုင်းဟာ အရက်ကို အနည်းဆုံး ၄၂ ရက်ကြာ မသောက်သုံးဘဲနေဖို့ လိုမယ်လို့ သတိပေးချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။

အကြောင်းကတော့ အရက်က Covid-19 ကို ခုခံတိုက်ထုတ်ပေးမယ့် ကိုယ်ခံအားကို ကျဆင်းစေနိုင်တာ​ကြောင့် ဖြစ်သလို အရက်သောက်သုံးမှုက ကိုယ်ခံအား တက်သင့်သလောက် မတက်တာကြောင့်လို့ ဆိုပါတယ်။

ဒါဆို မြန်မာနိုင်ငံမှာ ထိုးနှံပေးမယ့် Covishield ကာကွယ်ဆေး ထိုးရင်ရော အရက်ရှောင်ဖို့ လိုမလားဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

အရက်က ကျန်းမာရေးကို ထိခိုက်စေသလို၊ အသည်းပျက်စီးတာ၊ အသည်းကင်ဆာနဲ့ အသည်းအဆီဖုံးတာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။

အရက်က နာတာရှည် ရောဂါတွေ ဖြစ်စေနိုင်သလို ကိုယ်ခံအားစနစ်ကို ထိခိုက်စေပြီး ဖျားနာလွယ်တာ၊ ရောဂါကူးစက်လွယ်တာတွေကိုလည်း ဖြစ်စေနိုင်သလို အသိဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ​ကြောင့် ခန္ဓာကိုယ်ကျန်းမာစေဖို့ဆိုရင် အရက်ကို ရှောင်ဖို့ လိုပါမယ်။

ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အရက်ရှောင်ဖို့ လိုသလို ကာကွယ်ဆေးထိုးနှံတဲ့အခါ ဆေးအာနိသင် ထိရောက်စေဖို့အတွက်လည်း Covishield ကာကွယ်ဆေး ထိုးနှံတဲ့အခါ အရက်သောက်သုံးတာမျိုး မလုပ်ဖို့ လိုပါတယ်။

ကာကွယ်ဆေးက ၂၁ ရက်ခြားပြီး နှစ်ကြိမ် ထိုးနှံရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာလည်း ရောဂါကို ချက်ချင်း ကာကွယ်နိုင်ဦးမှာ မဟုတ်သေးဘဲ လုံလောက်တဲ့ ကိုယ်ခံအားစနစ်  ရရှိစေဖို့အတွက် ၁၄ ရက် စောင့်ရပါမယ်။

ကာကွယ်ဆေးထိုးတဲ့အခါ ကိုယ်ခံအားကျတာမျိုး၊ အရက်ကြောင့် အသည်းကို ထိခိုက်တာပြီး ဆေးအာနိသင် ထိရောက်မှုကို ထိခိုက်တာမျိုး၊ ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့အတွက် လုံလောက်တဲ့ ကိုယ်ခံအားစနစ်ကို တည်ဆောက်နိုင်တာမျိုး မဖြစ်စေဖို့အတွက် ကာကွယ်ဆေး မထိုးခင် ၂ ပတ် အလိုကစလို့ ကာကွယ်ဆေး ထိုးနေစဉ်နဲ့ ထိုးပြီး ၄၅ ရက်ကြာတဲ့အထိ အရက်ကို ရှောင်ဖို့ လိုပါမယ်။

ဒါမှ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်နိုင်လောက်တဲ့အထိ အကောင်းဆုံး တုံ့ပြန်နိုင်မှာပါ။ ဒါကြောင့် ကာကွယ်ဆေး ထိရောက်စေဖို့ အရက်ကို ရှောင်ဖို့ အကြံပြုပါရစေ။

ကာကွယ်ဆေး ထိုးပြီးသည့်တိုင်အောင် အပြင်ထွက်တဲ့အခါ ပါးစပ်နဲ့နှာခေါင်းစည်း တပ်တာ၊ လက်ဆေးတာလိုမျိုး ကိုဗစ်ကာကွယ်ရေး လုပ်ငန်းစဉ်တွေကိုတော့ ဆက်လက်လုပ်ဆောင်နေဖို့ လိုဦးမှာပါ။

ရေးသားသူ Aye Thi Mon

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013