DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာကွယ်ဆေးရှိသော်လည်း မပေါ့ဆရန် အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး (ဓာတ်ပုံ)
DVB
·
January 27, 2021
ကိုဗစ်ကာကွယ်ဆေးရှိသော်လည်း မပေါ့ဆရန် အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး (ဓာတ်ပုံ)
1 / 4
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ရောက်ရှိလာပြီး ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးပေးနေပြီဖြစ်ပေမဲ့ ပြည်သူတွေအနေနဲ့ မပေါ့ဆကြဖို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် ကုတင် ၁ဝဝဝ ဆေးရုံဝင်းထဲရှိ သူနာပြုသင်တန်းကျောင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတာကို လာရောက်ကြည့်ရှု အားပေးစဉ် ပြောဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က “ဒီကြားထဲမှာသတိထားဖို့လိုမယ်။ တစ်ချို့တွေက နည်းနည်းပေါ့သွားမှာကို စိုးရိမ်တယ်။ ဆေးတွေရောက်လာပြီ၊ ဆေးတွေ ရောက်လာပြီဆိုတာ ချက်ချင်းနဲ့အားလုံးရောက်လာမှာမဟုတ်ဘူး။ စောင့်ရဦးမယ်။ ကိုယ့်နိုင်ငံကနေ ကိုယ်ထုတ်တယ်ဆို ရင်တစ်မျိုးပေါ့။ ကြိုက်သလောက်သုံးလို့ရတာပေါ့။ အခုက တခြားနိုင်ငံက တင်သွင်းရတာ။ အားလုံးကဝိုင်းပြီး ပြန်ဝယ်နေတာ။ ကိုယ်လိုချင်သလောက်လည်းဖြစ်ခွင့်ရမှာမဟုတ်ဘူး။ နိုင်ငံတော်ကတော့ပေးမှာပဲ။ ဘယ်လောက်ပဲပေးရပေးရ ပေးမှာပဲ။ ပစ္စည်းရှိမှလည်း ရမှလည်းရမှာ။ ဒီအချိန်မှာသတိထားစေချင်တယ်။ အခုဆို ကူးစက်နှုန်းကလည်းကျလာပြီဖြစ်တယ်။ အဲ့ဒါကိုဆက် ထိန်းထားစေချင်တယ် ” ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်ရှိနေတဲ့အပေါ်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က  အခုလို ပြောပါတယ်။

“အတွေ့အကြုံမရှိသေးတဲ့ကိစ္စဆိုတော့ နည်းနည်းပါးပါးစိုးရိမ်တာကတော့ သဘာဝကျပါတယ်။ နောက်ပြီးတော့လည်း ဘေးထွက်ဆိုးကျိုးလေးတွေရှိတတ်တယ်။ ဆိုးဆိုးဝါးဝါးကြီးတော့မဟုတ်ဘူး။ သာမန်ကာကွယ်ဆေး ထိုးရင်တောင် ဖြစ်တတ်တယ်လေ။ အနာရင်းတာတို့၊ ဒါမှမဟုတ် ကိုက်တာခဲတာ ဖျားချင်နာချင်တာ၊ အဲ့ဒါ သာမန်ကာကွယ် ဆေးထိုးရင်တောင်ဖြစ်တတ်ပါတယ်။ ဒါကတော့ အခုဆိုရင် ဆရာဆိုရင်တောင်နာရီဝက်လောက်စောင့်ရတယ်။ ဒီကြားထဲမှာ ရောဂါလက္ခဏာတွေ ဘာတွေပြလဲ ကြည့်ပေးမှာပေါ့။ ဒီလိုပဲထိုးပြီး ပြန်လွှတ်လိုက်မှာပေါ့။ အားလုံးထိုးပြီး နာရီဝက်ထားမယ်။ ထားပြီးတော့ ပြန်ကြည့်မယ်။ ကြည့်ပြီးတော့ သူ့အခြေအနေကိုမေးကြည့်တယ်ဆိုရင် နောက်ဒီကြားထဲမှာလည်း စာရွက်ကလေးတွေထုတ် ပေးထားတယ်လေ။ ဘယ်လို ဘယ်လို ရောဂါလက္ခဏာဖြစ်လာပြီဆို စိတ်ပူစရာမလိုဘူး။ စိတ်ပူစရာလိုတယ်လို့ ကိုယ်ဟာကိုယ် လည်းကြိုသိအောင်”။

ဒီကနေ့မှာ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈ မြို့နယ်ရှိ မြို့နယ်ဆေးရုံ ၈ ရုံ၊ အထွေထွေရောဂါကုဆေးရုံကြီး ၂ ရုံ၊ အထူးကုရောဂါဆေးရုံ ၄ ရုံ၊ စုစုပေါင်း ဆေရုံ ၁၄ ရုံက ကျန်းမာရေးဝန်ထမ်း ၃၈၀၀ ဦးကျော်ကို စတင်ထိုးပေးခဲ့ပါတယ်။

လွှတ်တော်ဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဒီတစ်ပတ်အတွင်းမှာ အပြီးထိုးပေးမယ်လို့လည်း သိရပါတယ်။

တနိုင်ငံလုံးရှိ ကျန်းမာရေး ဝန်ထမ်းတွေကို ကာကွယ်ဆေးတွေ စတင် ထိုးပေးရာမှာ နေပြည်တော်တွင် ကျန်းမာရေးဝန်ကြီး အပါအဝင် ကျန်းမာရေး အရာရှိတွေ၊ ဝန်ထမ်းတွေနဲ့ စေတနာဝန်ထမ်းတွေကို စတင် ထိုးပေးနေတာ ဖြစ်ပါတယ်။

သတင်း-နေဖြိုးဝင်း

Photo - Hein Htet / MPA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013