Home
မြန်မာသတင်း
ဗကသကျောင်းသားဟောင်း ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင် လွတ်မြောက်
DVB
·
January 27, 2021
DSC02775
DSC02658
DSC02647
DSC02639
DSC02637
DSC02628
DSC02608

၂၀၁၅ ကျောင်းသားသပိတ်မှာ ဦးဆောင်သူတဦးအဖြစ်ပါဝင်ခဲ့တဲ့  ဗကသကျောင်းသားဟောင်း ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင် ဒီကနေ့ အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်လာပါတယ်။ 

ကိုလင်းထက်နိုင်ကို  ကျောက်တံတားမြို့နယ်တရားရုံးက ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့မှာ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ရာက ဒီကနေ့  ထောင်ချုပ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

၂၀၁၅ ကျောင်းသားသပိတ်မှာ ဦးဆောင်ပါဝင်ခဲ့တဲ့  ကိုလင်းထက်နိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်တွေကို ၂၀၁၅ ခုနှစ်၊ မတ်လတွင် ဦးသိန်းစိန်အစိုးရက ပုဒ်မများစွာနဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့တာပါ။

၂၀၁၆ ခုနှစ်၊ အစိုးရသစ်လက်ထက်မှာ အမှုတွေရုပ်သိမ်းပေးခဲ့ပေမဲ့ ကိုလင်းထက်နိုင်ကို တရားစွဲဆိုထားတဲ့ အမှုတစ်မှုဖြစ်တဲ့ ပုဒ်မ-၄၆၈ ကို လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာနက ရုပ်သိမ်းပေးခဲ့ခြင်း မရှိပဲ ၄ နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ် ချမှတ်ခဲ့ဖြစ်ပါတယ်။

Photo - JPaing / MPA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024