DVB Logo
Home
မြန်မာသတင်း
လွိုင်ကော် သီရိမင်္ဂလာဈေးကို အဆင့်မြင့်တည်ဆောက်ရန် မရှိ
DVB
·
January 26, 2021
လွိုင်ကော် သီရိမင်္ဂလာဈေးကို အဆင့်မြင့်တည်ဆောက်ရန် မရှိ
1 / 3
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော် သီရိမင်္ဂလာစျေး (တောင်ဈေး)ကို  ဈေးသူဈေးသားတွေရဲ့ ဆန္ဒအရ အဆင့်မြှင်တိုးချဲ့ဆောက်လုပ်သွားဖို့ မရှိကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ပြောပါတယ်

ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့  ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်၊ (၂၀) ကြိမ်မြောက်အစည်းအဝေး ပထမနေ့မှာ မယ်စဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးရဲ့မေးခွန်းကို ပြန်လည်ဖြေကြား ပြောဆိုသွားတာပါ။

“သိရိမင်္ဂလာဈေး (ခေါ်) တောင်ဈေးအား အဆင့်မြင့်နှစ်ထပ်ဈေးအဖြစ် အဆင့်မြှင့်တင်ရေး၊ ပြန်လည်တည်ဆောက်ရေးနဲ့ပတ်သက်ပြီးတော့ ဈေးသူဈေးသားများ၏ ဆန္ဒသဘောထား ရယူခဲ့ရာမှာ ဈေးသူဈေးသားများအနေနဲ့ လောလောဆယ်အနေအထားမှာ ဈေးအဆင့်မြင့်တည်ဆောက်ရန် ဆန္ဒမရှိတဲ့အတွက်ကြောင့်မို့လို့ လောလောဆယ်အနေနဲ့ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်ရန်ပုံငွေများ လျာထားပြီးတော့ ဈေးအဆင့်မြှင့်တင် တည်ဆောက်ဖို့အတွက် အစီအစဉ်မရှိပါကြောင်း” ရှင်းလင်းဖြေကြားအပ်ပါတယ်။  

မယ်စဲမြို့နယ်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက လွိုင်ကော် သိရိမင်္ဂလာဈေးကို ခေတ်မီ အဆင့်မြင့်သော နှစ်ထပ်ဈေးအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာ ရှိ၊ မရှိ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က ဈေးအဆင့်မြှင့်တင်နိုင်ရေးအတွက် သီရိမင်္ဂလာတောင် ဈေးသူဈေးသားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်၊ လွိုင်ကော်မြို့စည်ပင်သာယာရေးကော်မတီအဖွဲ့၊ ဈေးကော်မတီအဖွဲ့နဲ့ ဈေးသူဈေးသားတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဆင့်မြှင့်တင် ဆောင်ရွက်မယ့်ဈေးမှာ ၉ ပေပတ်လည် ဆိုင်ခန်းတခန်းအတွက် ဆိုင်ခန်းပိုင်ရှင်က ကျပ် သိန်း ၂၄၀ ပေးရမယ် ဆိုတာကြောင့် ဈေးသူဈေးသားတွေက သဘောမတူဘဲ ကန့်ကွက်ခဲ့ကြပါတယ်။

လက်ရှိ လွိုင်ကော် သီရိမင်္ဂလာတောင်ဈေးမှာ ဆိုင်ခန်းပေါင်း ၁၀၆၂၊ ခု  ပျံကျ ၄၀၀ နဲ့ ဈေးသူဈေးသား ၅၀၀ ကျော်ရှိကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013