DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့ရှိ M2K စားသောက်ဆိုင်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ပရဟိတသမား ၂ ဦး ဒဏ်ရာရ
DVB
·
January 26, 2021
ကျောက်မဲမြို့ရှိ M2K စားသောက်ဆိုင်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ပရဟိတသမား ၂ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ M2K စားသောက်ဆိုင်မှာ ဇန်နဝါရီ ၂၅ ရက် ည ၈ နာရီကျော်လောက်က အမည်မသိလူနှစ်ဦးက ဆိုင်ကယ်ပေါ်ကနေ  သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ပရဟိတလုပ်ငန်းလုပ်တဲ့ အရပ်သား  ၂ ယောက် ဒဏ်ရာ ရရှိသွားပါတယ်။ 

 ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောက်မဲမြို့နယ် တာဝန်ခံ ဒေါ်ရီရီဆွေက "ဆိုင်မှာ စားသောက်ပြီးအတူထိုင်နေတာ လေးယောက်ပဲ။ ထိတာက နှစ်ယောက်။ ဆိုင်မှာ တခြားဝိုင်းတွေတော့ ရှိတာပေါ့နော်။ ပစ်တဲ့သူတွေက အရပ်ဝတ်တွေနှင့်ပဲ။ မမိသေးဘူး။" လို့ ပြောပါတယ်။

အဆိုပါ အရပ်သား  ၄ ဦးမှာ ဆိုင်အပြင်ဘက်ဝိုင်းမှာ ထိုင်ပြီး စားသောက်နေချိန် ကျောက်မဲကြီးဘက်မှ အောင်ဆန်းလမ်းအတိုင်း မြို့တွင်းသို့ မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးပေါ်က လူ ၂ ယောက်က သေနတ်နဲ့ ၇ ချက် ပစ်ခတ်ခဲ့တာလို့  ဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရသူနှစ်ဦးမှာ ကျောက်မဲ ကိုဗစ်ကော်မတီ၊ ကျောက်မဲနာရေးကူညီမှုအသင်းနဲ့ ဘုံဆွမ်းလောင်းအဖွဲ့တို့မှ ပရဟိတ လုပ်ဆောင်နေသူနှစ်ဦးဖြစ်ပြီး ကိုသိန်းစိုးက ဝဲခြေကျင်းဝတ် ကျည်ထိ ဒဏ်ရာရထားကာ ကိုလှိုင်းကျော်ထွန်းမှာ ယာပေါင်ရင်းနဲ့ ဝဲတင်ပါး ကျည်ထိ ဒဏ်ရာရ ထားပါတယ်။

လက်ရှိ ကျောက်မဲ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ဒဏ်ရာက မစိုးရိမ်ရကြောင်း  သိရပါတယ်။

ထွက်ပြေးသွားတဲ့ အမည်မသိ ပစ်ခတ်ခဲ့သူ နှစ်ယောက်ကို  ကျောက်မဲမြို့မှ ရဲစခန်းမှ ဖမ်းဆီး အရေးယူနိုင်ဖို့  ဆောင်ရွက်နေကြောင်းသိရပါတယ်။

ကျောက်မဲမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၁ ရက်ကလည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ နေအိမ်မှာ ချောင်းမြောင်း ပတ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ရပါတယ်။

သတင်း - Pra Jaw၊ ဓာတ်ပုံ - KME, Kyaw Oo

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013