DVB Logo
Home
မြန်မာသတင်း
မန္တလေးခရိုင်၌ ၂၀၂၀ ပြည့်နှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၀၇ ဦးရှိ
DVB
·
January 26, 2021
မန္တလေးခရိုင်၌ ၂၀၂၀ ပြည့်နှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၀၇ ဦးရှိ
Donate to DVB

မန္တလေးခရိုင်အတွင်းရှိ  ၇ မြို့နယ်မှာ  ၂၀၂၀ ပြည့်နှစ်က ယာဉ်တိုက်မှုပေါင်း ၂၅၇ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၀၇ ဦး ရှိခဲ့တယ်လို့ အမှတ်(၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး(မန္တလေး)က‌နေ သိရပါတယ်။

အောင်မြေသာစံမြို့နယ်မှာ ယာဉ်တိုက်မှု ၂၅ မှု နဲ့ ဒဏ်ရာရသူ ၂၆ ဦး နဲ့ သေဆုံးသူ ၇ ဦး၊ ပုသိမ်ကြီးမြို့နယ်မှာ ယာဉ်တိုက်မှု ၃၇ မှုနဲ့ ဒဏ်ရာရသူ ၃၄ ဦး၊ သေဆုံးသူ ၂၁ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ယာဉ်တိုက်မှု ၅၁ မှုနဲ့ ဒဏ်ရာရသူ ၅၇ ဦး ၊ သေဆုံးသူ ၁၈ ဦး၊ အမရပူရမြို့နယ်မှာ ယာဉ်တိုက်မှု ၄၆ မှု နဲ့ ဒဏ်ရာရသူ ၃၄ ဦး ၊သေဆုံးသူ ၂၈ ဦးရှိပါတယ်။

 ချမ်းမြသာစည်မြို့နယ်မှာတော့ ယာဉ်တိုက်မှု ၄၁ မှုနဲ့ ဒဏ်ရာရသူ ၃၆ ဦး ၊ သေဆုံးသူ ၁၄ ဦး ၊မဟာအောင်မြေမြို့နယ်မှာ ယာဉ်တိုက်မှု ၃၁ မှုနဲ့ ဒဏ်ရာရသူ ၄၅ ဦး၊ သေဆုံးသူ ၁၁ ဦး ရှိခဲ့ပြီး ချမ်းအေးသာစံမြို့နယ်မှာတော့ ယာဉ်တိုက်မှု ၂၆ မှုနဲ့ ဒဏ်ရာရသူ ၂၆ ဦး ၊သေဆုံးသူ ၈ ဦး ရှိခဲ့တယ်လို့ အဆိုပါ ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်အတွင်းက အဆိုပါ ခုနစ်မြို့နယ်မှာ ယာဉ်တိုက်မှု ၃၀၉ မှုနဲ့ ဒဏ်ရာရသူ ၃၀၃ ဦး ၊ သေဆုံးသူ ၁၄၄ ဦးအထိ ရှိခဲ့ပြီး  ၂၀၂၀ ပြည့်နှစ်မှာ  သေဆုံးသူ လျော့ကျသွားတာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးရှိ ခရိုင်တွေအလိုက် မန္တလေးခရိုင်မှာ ယာဉ်တိုက်မှု ၂၅၇ မှုနဲ့ သေဆုံးသူ ၁၀၇ ဦး၊ ကျောက်ဆည်ခရိုင်မှာ ယာဉ်တိုက်မှု ၂၂၅ မှုနဲ့ သေဆုံးသူ ၈၃ ဦး ၊ ညောင်ဦးခရိုင်မှာ ယာဉ်တိုက်မှု ၁၁၆ မှုနဲ့ သေဆုံးသူ ၃၄ ဦးရှိပါတယ်။

ပြင်ဦးလွင်ခရိုင်မှာတော့ ယာဉ်တိုက်မှု ၂၈၈ မှုနဲ့ သေဆုံးသူ ၁၅၅ ဦး၊ မြင်းခြံခရိုင်မှာ ယာဉ်တိုက်မှု ၁၂၃ မှုနဲ့ သေဆုံးသူ ၃၇ ဦး၊ မိတ္ထီလာခရိုင်မှာ ယာဉ်တိုက်မှု ၂၆၃မှုနဲ့ သေဆုံးသူ ၈၃ ဦး ၊ရမည်းသင်းခရိုင်မှာ ယာဉ်တိုက်မှု ၁၆၈ မှုနဲ့ သေဆုံးသူ ၅၁ ဦး ရှိခဲ့တယ်လို့လည်း သိရပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013