DVB Logo
Home
မြန်မာသတင်း
Unique HTT အထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင် ၇ ဦး တရားစွဲခံရ
DVB
·
January 25, 2021
Unique HTT အထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင် ၇ ဦး တရားစွဲခံရ
Donate to DVB

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Unique HTT အထည်ချုပ်ရုံ အလုပ်သမား ခေါင်းဆောင် ၇ ဦးကို အလုပ်ရှင်က အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၄၇ နဲ့ တရားစွဲဆိုလိုက်တယ်လို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က အလုပ်သမား ၁၁၀၀ ကျော်ဟာ ၈ နှစ်ဝန်းကျင် အလုပ်လုပ်လာခဲ့တဲ့အပေါ် ဥပဒေပါခံစားခွင့် ၁၈ ချက်ကို တောင်းဆိုကြပြီး အဲဒီထဲက ၁၆ ချက် ပြေလည်မှုရရှိခဲ့ပါတယ်။ 

Grate ကြေးနဲ့ ကျွမ်းကျင်ကြေး နှစ်ချက်ကျန်ရှိနေပြီး ဇန်နဝါရီ ၁၉ ရက်နေ့မှာ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှုစာချုပ်ချုပ်ဆိုကာ ညှိနှိုင်းမှု ပြေလည်ခဲ့တာပါ။ ဒါပေမဲ့ ဇန်နဝါရီ ၂၂ ရက်နေ့မှာ အလုပ်ရှင်က အလုပ်သမားခေါင်းဆောင် ၇ ဦးကို တရားစွဲဆိုလိုက်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ကို တရားရုံးက ဆင့်ခေါ်ထားပါတယ်။ 

ဒေါ်မိုးစန္ဒာမြင့်က အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေဆိုတာ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနကပဲ တရားစွဲဆိုပိုင်ခွင့်ရှိပြီး အလုပ်သမားတွေရဲ့ ကျန်ရှိနေတဲ့ ခံစားခွင့် တောင်းဆိုချက် ၂ ချက်ကို သဘောမတူရင် အလုပ်သမားတွေက စာချုပ်ချုပ်ဆိုမှာ မဟုတ်ပါဘူး။ အခုလို ပြေလည်မှုရယူပြီးမှ တရားစွဲဆိုတာဟာ အလုပ်ရှင်ဟာ ဥပဒေကို ဂရုမစိုက်တဲ့ ပုံစံဖြစ်နေတယ် လို့ ပြောပါတယ်။

Unique HTT အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁,၁၀၀ ကျော် အလုပ်လုပ်ကိုင်နေကြပြီး အလုပ်ရှင်ဟာ ရွှေလင်ဗန်းစက်မှုဇုန် ဇုန်ကော်မတီဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ 

ဇန်နဝါရီ ၂၂ ရက်နေ့ ညနေပိုင်းက စက်ရုံဝန်ထမ်းတွေ အိမ်ပြန်ချိန်မှာ အလုပ်သမား ခေါင်းဆောင်တဦးရဲ့ ဦးခေါင်းကို အမည်မသိလူနှစ်ဦးက သံတုတ်နဲ့ ပြင်းထန်စွာ ရိုက်နှက်မှုဖြစ်ခဲ့ပြီး လှိုင်သာယာအ​ရှေ့ပိုင်းရဲစခန်းမှာ ဒီနေ့မနက် အမှုသွားဖွင့်မယ်လို့ သိရပါတယ်။

သတင်း - Ei Thazin Khine ၊ Photo- FGWMEi

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013