
အင်္ဂလန်နဲ့ ဥရုဂွေးတို့ တဖက် (၁-၁) ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ကွင်းလယ်ဒိုင်နဲ့ VAR တို့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် အင်္ဂလန်နည်းပြတူချယ်က "ဒိုင်တွေအတွက်တော့ အလုပ်လုပ်ရတာ တော်တော်လေးကို အလွဲလွဲအချော်ချော် ဖြစ်တဲ့နေ့ပဲ" လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒီပွဲမှာ ဥရုဂွေးကွင်းလယ်လူ ယူဂါတေးဟာ အဝါကတ် ၂ ကြိမ် ပြခံခဲ့ရပေမဲ့ ကွင်းထဲမှာ ဆက်ကစားခွင့်ရနေတာ၊ ဖိုဒန်ကို အပြင်းအထန် ဖျက်ထုတ်ခဲ့တဲ့ အာရူဟိုကို အနီကတ် မပြခဲ့တာနဲ့ ပွဲပြီးခါနီးမှာ ပင်နယ်တီအလွယ်တကူ ပေးခဲ့တာတွေကြောင့် အခုလို ဝေဖန်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တူချယ်ကတော့ ပွဲပြီးခါနီး ပေးလိုက်ရတဲ့ ပင်နယ်တီဟာလည်း အလွယ်တကူပေးလိုက်တာလို့ ဆိုကာ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် စိတ်ပျက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Photo: Reuters










