DVB Logo
Home
အားကစား
ဟာရီကိန်းကဲ့သို့ တိုက်စစ်မှူးမျိုး နောက်ထပ်ရရန် မဖြစ်နိုင်ဟု အင်္ဂလန်နည်းပြ တူချယ်ချီးကျူး
DVB
·
October 1, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အင်္ဂလန်အသင်းခေါင်းဆောင် တိုက်စစ်မှူးဟာရီကိန်းလို ကစားသမားမျိုး နောက်ထပ်ရဖို့ မဖြစ်နိုင် ကြောင်း နည်းပြတူချယ်က ပြောပါတယ်။

အသက် ၃၃ နှစ်အရွယ် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ကိန်းဟာ ချက်အသင်းနဲ့ပွဲမှာ အင်္ဂလန်အတွက် ၈၇ ဂိုးမြောက် သွင်းယူခဲ့တာပါ။ 

အခုဆိုရင် သူဟာ ပီတာရှီးလ်တန်ရဲ့ ပွဲပေါင်း ၁၂၅ ပွဲ စံချိန်ကို မှီဖို့ ၂ ပွဲသာ လိုပါတော့တယ်။

နည်းပြ တူချယ်က ကိန်းဟာ ဂိုးသွင်းစွမ်းရည်အပြင် အသင်းဖော်တွေကို တိုက်တွန်းနိုင်တဲ့ စွယ်စုံရ တိုက်စစ်မှူးလို့ ဆိုပါတယ်။

တူချယ်ဟာ ကိန်းရဲ့နေရာမှာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို တိုက်စစ်မှူးအဖြစ် ပြောင်းလဲ စမ်းသပ်ခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ ဂိုးသွင်းလိုစိတ်ထက်သန်သူဖြစ်လို့ တိုက်စစ်မှာ ကစားခိုင်းရတာ အဆင်ပြေ ကြောင်းလည်း နည်းပြက ပြောသွားခဲ့ပါတယ်။

Photo:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013