DVB Logo
Home
မြန်မာသတင်း
တရားစွဲခံထားရသည့် ဝါးခယ်မ လယ်သမား ၃ ဦး ခိုးမှုဖြင့်ဖမ်းဆီးခံရ
DVB
·
January 25, 2021
တရားစွဲခံထားရသည့် ဝါးခယ်မ လယ်သမား ၃ ဦး ခိုးမှုဖြင့်ဖမ်းဆီးခံရ
Donate to DVB

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံပဒုတ်ဝကျေးရွာအုပ်စုက ပုဒ်မ ၁၈၈ နဲ့ တရားစွဲခံထားရသူ ၃၃ ဦးထဲက လယ်သမား ၃ ဦးကို ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရဲတပ်ဖွဲ့က ခိုးမှုနဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံပဒုတ်ချောင်းဝကျေးရွာက အမှတ် ၄ စီမံကိန်းတူးမြောင်အား ပိတ်ဆို့ငါးဖမ်းနေတဲ့ အင်းလုပ်ငန်းဘက်က အတားအဆီးတွေကို လယ်သမားတွေက ရေရရှိရေးအတွက် ဖယ်ရှားခဲ့တာကြောင့် ထွေအုပ်က လယ်သမားတွေကို ပုဒ်မ ၁၈၈ နဲ့ တရားစွဲသလို အင်းသားကြီးက ၃၇၉၊ ၄၂၇၊ ၁၁၄ စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

လယ်သမားတွေဘက်က လိုက်ပါကူညီပေးနေသူ ဒေါ်သန်းသန်းမိုးက "လယ်သမား ဦးမြင့်ခိုင် တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အိမ်မဲမြို့နယ်ရဲမှူး ဦးဆောင်တဲ့အဖွဲ့က စစ်ဆေးချင်ပါတယ်ဆိုပြီး လယ်သမားတွေကို ရွှေလောင်းမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်တယ်။ ခေါ်လို့ လယ်သမားတွေကို ရဲမှူးက စစ်ဆေးနေတုန်း အနောက်ကနေ ရွှေလောင်းစခန်းက ရဲတွေက အုပ်ချုပ်ရေးမှူးရုံးထဲကို လူအုပ်နဲ့ဝင်လာပြီး လယ်သမား ၃ ယောက်ကို အတင်းဝင်ပြီး လက်ထိတ်ခတ်တယ်။ လယ်သမားတွေက ရုန်းတော့ ရုန်းရင်းဆန်ခတ်တွေဖြစ်တယ်။ ရဲတွေက ခိုးမှုနဲ့လာဖမ်းတာ၊ ဝါးခယ်မမြို့နယ်မှူး ဝရမ်းပါတယ်ဆိုပြီး ဖမ်းတာ” လို့ ပြောပါတယ်။

အင်းသားကြီးဘက်က အမှုဖွင့်ခံထားရတဲ့ လယ်သမားတွေဖြစ်တဲ့ မနန်းတုတ် ကျေးရွာ ရာအိမ်မှူး ဦးချစ်စံ၊ ဆယ်အိမ်မှူး ဦးတင်အောင်၊ လယ်သမား ဦးမျိုးမြင့်တို့ကို ရွှေလောင်း နယ်မြေရဲစခန်းမှာ ဖမ်းဆီးထားပြီး နောက်ထပ် ၃ ဦးလည်း အဖမ်း ခံရဖို့ရှိတယ်လို့ ဆိုပါတယ်။

ဆည်မြောင်းတာကို ရေရရှိဖို့ အတားဆီးတွေဖယ်မိလို့ မြို့နယ်ထွေအုပ်ရဲ့ ပုဒ်မ ၁၈၈ နဲ့ တရားစွဲခံထားရမှုကို မြို့နယ်တရားရုံးမှာ တရားရင်ဆိုင်မှု ရုံးချိန်း ၂ ချိန်းအပြီးမှာ ခုလို ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီး ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူကတော့ ခုလို ဖမ်းဆီးတာဟာ အမှုဖွင့်ထားတာနဲ့ပတ်သက်ပြီး ဖမ်းဆီးတာလို့ ပြောဆိုပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၈၈ နဲ့ လယ်သမား ၃၂ ဦးကို တရားစွဲဆိုမှု၊ အင်းဘက်က လယ်သမား ၆ ဦးကို တရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီး လယ်သမားတွေက ဝါးခယ်မမြို့ရဲစခန်း၊ ငါးလုပ်ငန်း၊ အထွေထွေအုပ်ချုပ်ရေးနဲ့ ဆည်မြောင်းရုံးရှေ့တွေမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့က  လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013