DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ၁ နှစ်အတွင်း သဘာဝဘေးကြောင့် လူဦးရေ ၁၃၀၀ဝ ကျော် ဘေးသင့်ခဲ့
DVB
·
January 25, 2021
ဧရာဝတီတိုင်းတွင် ၁ နှစ်အတွင်း သဘာဝဘေးကြောင့် လူဦးရေ ၁၃၀၀ဝ ကျော် ဘေးသင့်ခဲ့
1 / 3
Donate to DVB

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှုကြောင့် လူဦးရေ ၁၃၀၀၀ ကျော်ဘေးသင့်ခဲ့တယ်လို့ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၀ ခုနှစ်အတွင်း ဘေးအန္တရာယ်ဖြစ်ပွားမှု စုစုပေါင်း ၅၂၆ ကြိမ်ထိရှိခဲ့ကာ အဲ့ဒီအထဲမှာ အများဆုံးကတော့ မြစ်ကမ်းပါးပြိုကျမှု ၁၆၄ ကြိမ်နဲ့  လေပြင်းတိုက်ခတ်မှု ၁၉၈ ကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က “ဘေးအန္တရာယ်ကျရောက်တဲ့ အထဲမှာ အဆိုးဆုံးကတော့ မြစ်ကမ်းပါးပြိုကျတာက တော်တော်ဆိုးတယ်။ တချို့ရွာတွေဆို ကမ်းပြိုလို့ ပြောင်းလာတယ်၊ အဲ့နေရာမှာ ထပ်ကမ်းပြိုတာမျိုးတွေ ရှိတယ်။ အဲ့လိုမျိုး ကမ်းပြိုပြီဆိုရင်တော့ ပြောင်းရွှေ့ရတဲ့ နေအိမ်တွေကို ဌာနအနေနဲ့ ထောက်ပံ့ပေးပါတယ်”လို့ ပြောပါတယ်။

ဟင်္သာတခရိုင်အတွင်းက ကျေးရွာ ၁ ရွာမှာ ကမ်းပြိုလို့ မြေနေရာ အသစ်ရှာပြီး ရွှေ့ပြောင်းလာပေမယ့် နောက်ထပ် ကမ်းပြိုတဲ့ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရလို့ ရွှေ့ပြောင်းဖို့စရိတ် မတတ်နိုင်တော့လို့ ဌာနအနေနဲ့ တိုင်းအစိုးထံတင်ပြပြီး ရွှေ့ပြောင်းပေးဖို့ စီစဥ်နေရတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၀ ပြည့်နှစ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ဘေးသင့်ခဲ့တဲ့ လူဦးရေ ၁၃၅၁၃ ဦးအတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ၊ ၁ ပတ်စာ စားနပ်ရိက္ခာနဲ့ အိမ်ဆောက်ပစ္စည်းဖိုးတွေကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းအတွင်း မြစ်ကမ်းပါးပြိုကျမှုတွေမှာတော့ ဟင်္သာတခရိုင်အတွင်းက ကြံခင်းနဲ့ ဇလွန်မြို့၊ မအူပင်ခရိုင်က ညောင်တုန်းနဲ့ ပန်းတနော်မှာ အဖြစ်များတယ်လို့ သိရပါတယ်။

သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ဧရာဝတီတိုင်းမှာ သေဆုံးသူ ၄၃ ဦးရှိပြီး ဒဏ်ရာရရှိသူ ၂၂ ဦးရှိတယ်လို့ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မှတ်တမ်းတွေအရ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013