DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ဆေးဝယ်ယူလှူဒါန်းနိုင်ရန် မြန်မာနိုင်ငံ ကာတွန်းဆရာအသင်းက ရန်ပုံငွေရှာဖွေပွဲ လုပ်မည်
DVB
·
January 24, 2021
ကိုဗစ်ဆေးဝယ်ယူလှူဒါန်းနိုင်ရန် မြန်မာနိုင်ငံ ကာတွန်းဆရာအသင်းက ရန်ပုံငွေရှာဖွေပွဲ လုပ်မည်
Donate to DVB

ကိုဗစ် ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းနိုင်ဖို့ ရန်ပုံငွေရှာဖွေပွဲကို မြန်မာနိုင်ငံ ကာတွန်းဆရာအသင်းက စီစဉ်နေပါတယ်။

ရေးဆွဲမယ့် ကာတွန်းဆရာတွေအနေနဲ့ ကိုယ့်စိတ်ကြိုက် ခဲ၊ မင်၊ ရေဆေး၊ ဆီဆေး၊ ဒစ်ဂျစ်တယ်စနစ်တို့နဲ့ ရေးဆွဲနိုင်ပြီး အရွယ်အစားကိုလည်း ကန့်သတ်မထားပါဘူး။ 

ဒါပေမယ့် ပုံကိုတော့ ပန်းချီကားဆန်တဲ့ ကာတွန်းပုံဖြစ်ရမယ်လို့ သတ်မှတ်ပေးထားပါတယ်။ ကားတွေကို ဒီလကုန် အပြီးပို့ပေးရမှာဖြစ်ပြီး ပွဲလုပ်မယ့် ရက်ကို ထပ်ပြီး ကြေညာမှာ ဖြစ်ပါတယ်။

အသင်းဥက္ကဋ္ဌ ကာတွန်းဝင်းအောင်က “ကျနော်တို့လည်းလှူဖြစ်ဖို့ စီစဉ်လိုက်တာ။ ငွေကြေးအရတယောက်ချင်းဆိုရင် အဆင်မပြေတာတွေ ရှိနိုင်တယ်လေ။ ဒါကြောင့် ကိုယ်တတ်တဲ့ အနုပညာနဲ့ပဲ ရန်ပုံငွေရှာဖို့ စီစဉ်တာပါ။ ဒီအတွက် ကုန်ကျစရိတ်တွေနုတ်မှာမဟုတ်ဘူး။ ကာတွန်းဆရာတွေကိုလည်း ကော်မရှင်ပေးမှာမဟုတ်ဘူး။ ရောင်းလို့ရတာကို အကုန်လှူမှာပါ” လို့ ပြောပါတယ်။

ပွဲမှာတော့ ကာတွန်းပုံတွေကို အသင်းရဲ့ပေ့ဂျ်မှာတင်ပြီး အွန်လိုင်းကနေပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ရေးဆွဲတဲ့ ကာတွန်းဆရာတွေအနေနဲ့ ကိုယ့်ရဲ့ ကာတွန်းပုံကို ကိုယ်တိုင်ဈေးနှုန်း သတ်မှတ်ပေးထားရမှာဖြစ်ပြီး ရောင်းရငွေအားလုံးကိုလည်း လှူဒါန်းဖို့ သဘောတူညီပြီး ဖြစ်ရမယ်လို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

အသင်းဝင် ကာတွန်းဆရာပေါင်း ၄၀၀ လောက်ရှိပြီး ဒီပွဲအတွက်တော့ အသင်းဝင်ရယ်လို့ မဆိုလိုပဲ စိတ်ဝင်စားတဲ့ ကာတွန်းဆရာတွေပေးပို့နိုင်တယ်လို့လည်း ကာတွန်းဝင်းအောင်က ပြောပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013